Bad Boy - 22

4.2K 374 36
                                    

ကျောင်းဝရံတာတစ်လျှောက် ရီပေါ်တို့ အချင်းချင်းတစ်ယောက်လက် တစ်ယောက်တွဲကာ
လမ်းလျှောက်နေကြတုန်း ရီပေါ်က သတိမမူမိစွာဖြင့် ဘေးမှ စာအုပ်ကြီးအထပ်လိုက်အား မနိုင်မနင်းသယ်လာသော ကောင်မလေးနှင့် တိုက်မိ့ လေသည်။

ရီပေါ်နှင့်တိုက်မိ၍ လဲကျသွားသော‌ ကောင်မလေးက ကြမ်းခင်းပေါ်တွင်ကျနေသော စာအုပ်များအား အလျင်အမြန်လိုက်ကောက်သိမ်းနေလေသည်။
ထို့‌ကြောင့် ရီပေါ်လည်းအားနာနာနှင့် ကြမ်းခင်းပေါ်တွင် ကျနေသော စာအုပ်များကို ကူညီကောက်ပေးကာ ကောင်မလေးကို ပြန်ပေးတော့ ..........

"အာ !! မင်းက ဟိုနေ့က ကျွန်တော်တို့ ခြံရှေ့မှာ လဲနေတဲ့သူမလား?...." ဟု ရီပေါ်က အံ့ သြစွာဖြင့် မေးနေတော့ ......

ထိုကောင်မလေးကလည်း ရီပေါ်အား သွားများအတန်းလိုက်ပေါ်သည်အထိ ပြုံးပြကာ ‌မနေ့ကကိစ္စကိုလည်း ကျေးဇူးတင်၍ မုန့်လိုက်ကျွေးမည်ဟု ပြောလာလေသည်။ထို့ကြောင့်
ရီပေါ်က ရှောင်ကျန့်အား သွားချင်သည် သွားကြရအောင် .....ဟူသော ပုံစံလေးဖြင့် ကြည့်ကာ အသံတိတ် ‌‌တောင်းဆိုနေလေသည်။

ရှောင်ကျန့်လည်း ရီပေါ်က တအားသွားချင်သည်ဟု ဆိုသောကြောင့် ရီပေါ်အားမတားတော့ပဲ မိမိပါ ကန်တင်းသို့ လိုက်ခဲ့လေသည်။ ကန်တင်းရောက်တော့ ရှောင်ကျန့်က ရီပေါ်ကို ခုံတွင်ထိုင်ခိုင်း၍ သူကသာ ရီပေါ်နှင့်သူ့အတွက်စားစရာတွေ သွားယူနေလေသည်။ထိုစဉ် ထိုကောင်မလေးကလည်း သူ့အတွက် စားစရာ သွားယူရမည်ဖြစ်၍ ရီပေါ်ကိုကန်တင်းခုံတွင် တစ်ယောက်ထဲထားခဲ့ပြီး သူကတော့ ရှောင်ကျန့်အနောက်ကို ခပ်သွက်သွက် လိုက်သွားလေသည်။

မုန့်သွားဝယ်သော အချိန်တွင်လည်း ထိုကောင်မလေးက ရှောင်ကျန့်ဝယ်သောအရာများကိုသာ ဆင်တူလိုက်ဝယ်ကာ ရှောင်ကျန့်နှင့်အတူ ရီပေါ်ဆီသို့ မုန့်ထုတ်ကြီးများနှင့် ပြန်လာကြလေသည်။

ထို့နောက် သုံးယောက်သားသေချာထိုင်၍ စကားပြောကြည့်ရာ
ထိုကောင်မလေးနာမည်မှာ ကျိုး ဖြစ်ပြီး အရင်က ကောင်လေးတစ်ယောက်ရှိခဲ့ဖူးမှန်း သိခဲ့ရ‌လေသည်။
ထိုကောင်မလေးက တတိယနှစ်ကို ပြောင်းလာတဲ့ ကျောင်းသူအသစ်တစ်ယောက် ဖြစ်သည်။ထို့ကြောင့်
သူငယ်ချင်း များများစားစားမရှိသည့်အတွက် ရီပေါ်တို့နှင့်သာ ‌စကားပြောကြ‌လေသည်။

BAD BOYDove le storie prendono vita. Scoprilo ora