Bad Boy -66 (completed)

6.5K 346 52
                                    

ပင်လယ်ကိုသဘောကျတဲ့ ကောင်လေးကို ချစ်မိတော့ သူ့စိတ်ကြိုက် ပင်လယ်ကမ်းခြေကိုပဲ ရှောင်ကျန့်အခြေချရလေသည်။

အစပိုင်းတွင် ပါလာသောပိုက်ဆံနှင့်
လုံးချင်အိမ်လေး တစ်လုံးသာ ဝယ်နိုင်ခဲ့တဲ့ ‌ရှောင်ကျန့်အဖို့ နောင်စားဝတ်နေရေးအတွက် အပြင်တွင် အလုပ်ထွက်ရှာရလေသည်။
ဘွဲ့ရတစ်ယောက်ဖြစ်သည့်အတွက် အလုပ်က မရှားသော်လည်းပြစ်မှုမှတ်တမ်းရှိသူ တစ်ယောက်မို့
အားလုံးနှာခေါင်း ရှုံ့ ကြလေသည်။

"ကိုကို .....မောနေပြီးလား ? ။ ဒီမှာလာထိုင်လေ ....
ကလေးရေးသွားခပ်ပေးမယ် ။ "

" အင်း ။"

ရီပေါ်တစ်ယောက် ရှောင်ကျန့်အတွက် ရေတစ်ခွက်သွားခပ်ပြီး ပေးလိုက်တော့ ရှောင်ကျန့်က ရေကိုအမောတကောနှင့် အားရပါးရသောက်ချလိုက်လေသည်။
ထို့နောက် စိတ်ပျက်လက်ပျက်နှင့် ငေးငိုင်စွာထိုင်နေသော ရှောင်ကျန့်ကို ရီပေါ်က အေးချမ်းသည့်အပြုံးလေးဖြင့် ပြုံးပြကာ ......

"ကိုကို အလုပ်သွားရှာရတာ ပင်ပန်းနေပြီး
မလားဟင် ? ။ ကလေး နှိပ်ပေးမယ်နော် ။ " ဟုဆိုရင်း ရီပေါ်တစ်ယောက် ရှောင်ကျန့်၏ ပခုံးသားတို့ကို လက်ချောင်း ‌လေးများနှင့် နှိပ်နှယ်ပေးလေသည်။

ရှောင်ကျန့်လည်း ငေးငိုင်နေရာမှ ပခုံးပေါ် လက်တင်လာသော ရီပေါ်ကြောင့် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်လာကာ ရီပေါ်ကိုလည်း အားနာမိလာလေသည်။

ထိုအခက်အခဲများကို နားလည်သောရီပေါ်က ရှောင်ကျန့်ကို အပြစ်စကားမဆိုဘဲ သူတက်နိုင်သမျှ
နည်းလမ်းတွေနဲ့ နှိစ်သိမ့်ပေးလေသည်။

"ကိုကိုရယ် .....ဘာမှစိတ်ဓါတ်မကျပါနဲ့နော် ။
သူတို့အလုပ်မပေးလည်း ကလေးတို့ ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပေါ့ ။ "

ရှောင်ကျန့်တစ်ယောက် တိတ်ဆိတ်ကာခေါင်းကို ငုတ်ထားရမှ ရီပေါ်၏ ကိုယ့်အလုပ် ကိုယ့်လုပ်ကြရအောင် ဟူသော‌စကားကြောင့် ရှောင်ကျန့်ခေါင်းလေး ပြန်မတ်လာကာ ရီပေါ်ကိုသေချာ ပြန်ကြည့်မိလေသည်။

"ကိုယ့် အလုပ်ကိုယ် လုပ်ကြရအောင် ....
ဟုတ်လား ကလေး? ။ "

"အင်း .....ဟုတ်တယ် ကိုကို ။ ကိုကိုအလုပ်သွားရှာတဲ့ ရက်တွေမှာ ကလေးအိမ်ရှေ့မှာ အစားအစာတွေကို အထမ်းနဲ့လိုက်ရောင်းတာ တွေ့ တယ်ကိုကို ။
အဲ့ကြောင့် ကလေးတွေးမိတာက ဒီပင်လယ်ကမ်းခြေက လူအများစုလာတဲ့ နေရာတစ်ခုလေ ။ ကလေးတို့ ဒီမှာ ပင်လယ်ပြန်လက်ဆောင်လေးတွေ ရောင်းရင်အဆင်ပြေမလားလို့ပါ ။ ပြီးတော့ အဲ့တာတွေကလည်း သိပ်မရင်းနှီးရဘူးဆိုတော့ ကလေးတို့လည်း ရောင်းကြည့်ရင် ကောင်းမလို့ပါ ။"
ဟုဆိုရင်း စကားတွေကို ပညာရှိ စီးပွားရေး သမားသဖွယ် မရပ်နားစွာ ရှင်းပြနေသော ရီပေါ်ကို ရှောင်ကျန့်အံ့ သြစွာ ငေးကြည့်နေမိလေသည်။

BAD BOYWhere stories live. Discover now