Bad Boy - 44

2.5K 243 32
                                    

ကိုကို နိုးပြီလား ? ။အခုပဲ ကလေးက ကိုကိုအတွက် သံပုရာရည် ဖျော်လာတာ ။ ရော့ .....ကိုကို အမူးပြေအောင် သောက်လိုက်ပါဉီး ။"

"အွန်း ကျေးဇူးပဲ ကလေးရေ ။"

" ကိုကိုကလည်း ဘာကျေးဇူးတင်စရာ လိုလို့လဲ ? ။ ကလေးနဲ့ကိုကိုက လက်ထက်ထားတဲ့သူတွေပဲဟာ ။ ကိုကိုက လိုအပ်ရင် ကလေးက ဖြည့်ဆည်းပေးရမှာ သဘာ၀ပဲလေ ။ ပြီးတော့ ကလေးက ကိုကိုဆီကနေ ကျေးဇူးအတင်ခံချင်လို့ လုပ်ပေးတာ မဟုတ်ဘူး ။ ရင်ထဲကနေ ကိုကို့အတွက်ဆို အဆင်သင့်ဖြစ်နေအောင်ကို လုပ်ပေးချင်တာ ကိုကိုရ ။"

ရှောင်ကျန့်တစ်ယောက် မိမိရှေ့တွင် မိမိကိုပြောချင်ရာပြောပြီးမှ နှုတ်ခမ်းလေးဆူ၊ ခေါင်းလေးငုတ်ကာ ရှက်နေသော ရီပေါ်ကြောင့် သဘောကျစွာဖြင့် အားရပါးရရယ်လိုက်မိလေသည်။ရှောင်ကျန့်က ရယ်နေသည်ကို ရီပေါ်ကမေးတော့ ချစ်စရာကောင်းလွန်းလို့ ရယ်တာပါဟု ဆိုလေသည်။

"အရမ်းချစ်တယ်နော် ။"

"အင်း ကိုကိုရောပဲ ကလေးကို အရမ်းချစ်ပါတယ် ။" ဟုဆိုတော့ ရီပေါ်က ရှောင်ကျန့်၏ရင်ခွင်ထဲတွင် ကလေးတစ်ယောက်ပမာ တိုး၀င်လာလေသောကြောင့် ရှောင်ကျန့်လည်းရင်ခွင်ထဲမှ ကောင်လေးအား ပြန်လည်ဖက်တွယ်ထားလိုက်လေသည်။

*အရမ်းမတွေးချင်ဘူး ကိုကို ။ မနေ့က ကိုကို မမလင်းကိုဖက်လိုက်တဲ့အချိန် ကိုကို့ မျက်၀န်းတွေက ပြောနေတာကို ကျွန်တော် မတွေးချင်ဘူး ကိုကို။ကျွန်တော် ဆက်တဲ့ဖုန်းကို တမင်မကိုင်ဘဲ ထားထားတာကို ကျွန်တော်မတွေးချင်ဘူး ကိုကို ။ ကိုကို့ နှလုံးသားကို ကျွန်တော်နဲ့အတူ အခြားတစ်ယောက်လည်း ပိုင်နေတယ်ဆိုတာကို ကျွန်တော်မတွေးချင်ဘူး ကိုကို ။

ဘာလို့ဆိုတော့ နာကျင်လို့ ။ အဲ့ဒီအတွေးက ကျွန်တော်သေချင်ရင်တောင် အသေမဖြောင့်တဲ့အထိ ကျွန်တော့်နှလုံးသားလေးကို နာကျင်စေလွန်းလို့ ......တစ်ခါတစ်လေ ဘာကိုမှမတွေးတတတ်တဲ့ သူတစ်ယောက်တောင် ဖြစ်သွားချင်မိတယ် ဆိုတာ ကိုကို သိပါ့မလား ?။*

..................................................................................................................................................................

BAD BOYWhere stories live. Discover now