Bad Boy - 64

2.6K 252 31
                                    

"ကိုကို ကျွန်တော့်ကို အဖြေမပေး
‌သေးဘူးလားဟင် ? ။ "

" အာ ! ကလေးပဲပြောတော့ ကိုယ့်ကိုစဉ်းစားဖို့ အချိန်ပေးမယ်ဆို ။ "

"အင်းလေ....ကလေးက မပေးလို့လား? ။
ကိုကိုစဉ်းစားနေတဲ့ အခုချိန်ထိဆို 12ရီတောင် ရှိပြီလေ ။ "

"အာ ! 12နာရီပဲ ရှိသေးတာလေ ။အဲ့ဒါကလည်း ကိုကိုနေမဲ့နေရာ မရှိသေးလို့ တောင်တွေးမျောက်တွေးနဲ့ ဘာမှတောင် မစဉ်းစားရသေးဘူးလေ ။ "

" ဟွန်း ! ....အဲ့တာပဲ ။ အခုတော့ ကိုကို ‌နေ‌ရေး၊စားရေး အတွက်  ပူပန်နေရပြီးမလား? ။
ကိုကိုသာ ကလေးကိုလက်ခံလိုက်ရင် ဘာမှတောင် ပူနေစရာ မလိုတော့ဘူး ။ ကလေးက ကိုကို့ကို တင်ကျွေးထားနိုင်ပါတယ် ။ " ဟုဆိုကာ sugar baby ပုံစံနှင့် ပြောနေသော‌ ရီပေါ်ကြောင့် ရှောင်ကျန့်ပင် ပါးစပ်ကြီးဟကာ ကြောင်ကြည့်နေမိသည်။

"ဘာကြည့်နေတာလဲ ကိုကို့ရဲ့ ။ ကလေးပြောတာ မဟုတ်လို့လား? ။ ကိုကိုသာ ကလေးကိုလက်ထက်မယ်ဆိုရင် ကိုကိုဘယ်နေရာသွားသွား ကလေးလိုက်ရဲတယ်နော် ။ " ဟုဆိုကာ နှုတ်ခမ်းလေးဆူ ပါးနှစ်ဖက် ‌ဖောင်းထားသော‌ ရီပေါ်ကြောင့် တစ်ဖက်တွင် သူအတော်လေး ‌ပြောင်းလဲသွားတယ် ဟု တွေးမိပြီး အခြားတစ်ဖက်တွင်လည်းစကားအလွန်
တတ်လာကာ ချစ်စရာကောင်းသည်ဟုလည်း တွေးမိပြန်လေသည်။

ထောင်ကနေထွက်ထွက်လာချင်းပင် ရီပေါ်ဆီကို သွားခဲ့တဲ့အတွက်ကြောင့် ရှောင်ကျန့်တွင် မရိပ်သင်းရသေးတဲ့ နှုတ်ခမ်းမွှေးများနှင့် ပခုံးထိ ရှည်နေသော ဆံပင်တို့က ပွယောင်ယောင်နှင့် ရှိနေ‌လေသည်။ ထိုပုံစံက ရှောင်ကျန့်ကို အလွန်ပင်
ကြည့်ရ‌ဆိုးစေတာကြောင့် ရီပေါ်ကိုယ်တိုင်ပင် ထိုမုတ်ဆိတ်မွှေးနှင့် ဆံပင်တို့ကို ရှင်းလင်းပေးရန်
လုပ်နေလေသည်။

မကျဉ်းမကျယ်လှသော  ခြံဝန်းလေးထဲမှာ အစိမ်းရောင် တိုက်ပုလေးတစ်လုံး ။ခြံရှေ့တွင် ပန်းပင်သေးသေးလေးတွေကို အနည်းငယ်စိုက်ပျိုးထားပြီး အလျားသုံးပေ ထက် ကျယ်သော သစ်သားတံခါးဝလေးလည်း ပြုလုပ်ထားလေသည်။

အိမ်ရှေ့နားလေးတွင်တော့ ရှောင်ကျန့်ထိုင်ဖို့  အိမ်ထဲမှ ခုံ ဆွဲလာကာ  ဆံပင်ညှပ် ပစ္စည်းအစုံအလင်နှင့် ရှောင်ကျန့်၏ ဆံသားများကို ရှင်လင်းရန်ပြင်နေသော ရီပေါ်ကြောင့် ရှောင်ကျန့်တစ်ယောက် အသံတိတ်ပင် ဘုရားတ‌နေ မိလေသည်။

BAD BOYWhere stories live. Discover now