Bad Boy - 56

2.5K 255 109
                                    

"ကိုကို မနက်စာ မစားဘဲ ဘယ်သွားမလို့လဲ ?။"

"အာ ....ကိုကို သွားစရာလေးရှိသေးလို့ ။ အဲ့တာကြောင့် ကလေးတစ်ယောက်တည်းပဲ စားထားလိုက်နော် ။"

"ဒါဆို နေ့လည်ရော ။ နေ့လည်ကျရင် ကိုကို ထမင်းပြန်လာစားမှာလား ?။"

ရှောင်ကျန့်တွေ‌‌ဝေသွားသည်။အကြောင်းပြချက် ရေရေရာရာ မပေးဘဲ သွားချင်သလိုသွား ၊ လာချင်သလို လာနေသော သူ့ကို ရီပေါ်က စိတ်မဆိုးတဲ့အပြင် အိမ်ပြန်လာပြီးထမင်းအတူစားဖို့ စိတ်အားထက်သန်စွာနှင့် မေးမြန်း ‌တောင်းဆိုနေခြင်းကြောင့်  ရှောင်ကျန့် သက်ပြင်း တစ်ချက်ချလိုက်ပြီး နေ့လည်ထမင်းစားချိန် အမှီပြန်ခဲ့ရန် ခေါင်းငြိတ်လိုက်လေသည်။

နေ့လည်တွင် ရှောင်ကျန့်နှင့်အတူ ထမင်းစားရန် ရီပေါ်တစ်ယောက် သီချင်းလေးညည်းကာ ချက်ပြုတ်နေလေသည်။ရှောင်ကျန့်လာမှအတူစား
မည်ဟူသော ရီပေါ်၏စိတ်ကူးများကို နံရံပေါ်တွင် ‌သုံးဂဏန်းထိ တစ်ရွေ့ရွေ့ကုန်ဆုံးသွားသော နာရီလက်တံလေးများကပင်တောင် လှောင်ရယ် ‌နေလေသည်။

ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက် အသာကျဆင်းလာ‌လေသည်။မတွေးချင်တဲ့ ၀မ်းနည်းမှုတို့က ကြီးစိုးလာပြီး ရီပေါ်ကိုသိမ်ငယ်စေသည်။

ကလင်း...ကလင်း...ကလင်း.....

အတွေးများနေတုန်း ဘေးမှလာနေသော ဖုန်းကို ကိုင်လိုက်ရာ ......ဆက်သွယ်လာသူမှာ ရှင်ချန်းဖြစ်ပြီး အကြောင်းကတော့ ......

"‌ဝေ......ရီပေါ် ။"

"အင်း.....ပြောလေ ရှင်ချန်း ။"

"ငါကျန်ကောကို လင်းနဲ့အတူ ဆေးရုံမှာ တွေ့လိုက်တယ် ။ သူတို့ပုံစံက မသိရင် ညားကာစ လင်မယားလို့ပဲဟ....................................................................။"

"............."

ရီပေါ်လက်ထဲမှ ဖုန်းသည် ရှင်းချန်၏စကားများကြောင့် ကြမ်းခင်းပေါ်သို့ လွှတ်ကျသွားလေသည်။

"မဟုတ်ဘူး ....မဟုတ်ဘူး ။ကိုကို ကျွန်တော့်ကိုမချစ်တော့တာ မဟုတ်ဘူး ။ကိုကို အလုပ်များနေလို့ နေမှာပါ ။ ဟုတ်တယ် .....ကိုကို အလုပ်များနေလို့ ။ဒါကို ငါနားလည်ပေးနိုင်ရမယ် ။ ကိုကိုက ငါတစ်ယောက်တည်းကိုပဲ ချစ်တာ ....ကိုကိုက ... အီး.....ဟီး....။

BAD BOYWhere stories live. Discover now