Bad Boy - 41

2.7K 244 20
                                    

"မောင်  ! အဆင်ပြေရဲ့လားဟင် ? ။
ထိခိုက်တဲ့ နေရာတွေရော ရှိသေးရဲ့လား ? "

"ဘာမှ မထိခိုက်ပါဘူး ။ စိတ်မပူနဲ့တော့နော် ။
ကျွန်တော်တို့ သွားနားတော့မယ်။ အရမ်းပင်ပန်းနေပြီး "

ဟုဆိုပြီး ရှောင်ကျန့်တစ်ယောက် လင်းအားနှုတ်ဆက်ကာ
ရီပေါ်နှင့်အတူ အခန်းထဲသို့ ဝင်သွားလေသည်။

*ဪ ! မောင်ရယ် ဒီနေ့က မရဲ့မွေးနေ့လေး ဆိုတာရော မောင်မှတ်မိရဲ့လား ? *

................................................................

" ကလေး ! ဒီနေ့ကျောင်းပြေးရအောင် "

"ဟမ် ! ဘာလို့လဲ "

"ပျင်းတယ်လေ ကလေးရဲ့ ။ ဆိုင်ကယ်လျှောက်စီးရအောင်နော် "

"အာ ! ကိုကိုကလည်း ကျောင်းစာတွေက အရမ်းများကြီးပဲ သင်နေတာလေ "

"ကလေးလိုက်မှာလား မလိုက်ဘူးလာ ? !
မလိုက်ရင်လည်း ကိုကိုတစ်ယောက်ထဲပဲ သွားတော့မယ် "

ဟုဆိုရင်း ဆိုင်ကယ်ပေါ်တက်ပြီး စက်နိုးနေသော ရှောင်ကျန့်ကြောင့် ရီပေါ်ပါဆိုင်ကယ်နောက်တွင် အမြန်တက်ထိုင်လိုက်မိလေသည်။

"မလိုက်ဘူး မဟုတ်ဘူးလာ ? "

"အာ ! ဘယ်လိုပြောလိုက်တာလဲ ကိုကိုကလည်း ။
ကိုကိုသွားမှတော့ ကလေးကလိုက်ရမှာပေါ့ "

ဟုဆိုပြီးနှုတ်ခမ်းလေးဆူကာ ရှောင်ကျန့်ခါးလေးအား တင်းတင်းကြပ်ကြပ်ဖက်ထားသော ရီပေါ်‌ကြောင့် ရှောင်ကျန့်ရုတ်တရက် ပြုံးမိသွားလေသည်။

တစ်နေ့လုံးကျောင်း‌ပြေးကာ ဆိုင်ကယ်ပတ်စီးနေသော ရှောင်ကျန့်တို့နှစ်ယောက် ညနေအိမ်အ‌ရောက်တွင် အလွန်ပင်ပန်း၍ ‌ခြေကုန်လက်ပန်းကျနေပြီး ဖြစ်သည်။

အိမ်ပြန်ရောက်ရောက်ချင်း အိပ်ခန်းထဲတန်းဝင်ကြသော သူတို့နှစ်ယောက်မှာ မီးဖိုခန်းထဲမှ လင်းနဲ့မွေးနေ့ကိတ်လေးကိုတော့ မမြင်ခဲ့ချေ။ 

လင်းတစ်ယောက် ကိတ်လေးကို ရှေ့ထားကာ အခန်းထဲမှ သူနှစ်ယောက်အားထွက်လာမလား ထွက်လာမလားနှင့် ထိုင်စောင့်နေလေသည်။

BAD BOYWhere stories live. Discover now