Bad boy -26

3.7K 353 31
                                    

ရီပေါ် သန့်စင်ခန်းက ထွက်ထွက်လာချင်း အဝမှာရပ်စောင့်နေသော ရှောင်ကျန့်ကြောင့် လန့်သွားလေသည်။

"လူကြီး အသံမပေးပါမပေးနဲ့။ထမင်းသွားမစားဘဲ   ဒီမှာရပ်‌ပြီး ဘာလုပ်နေတာလဲ?...."ဟု ရီပေါ်ကမေးတော့ ‌.......

ရှောင်ကျန့်က တံခါးအဝကိုမှီပြီးလက်ပိုက်ထားရာမှ
ကိုယ်ကို တည့်တည့်ပြန်မတ်လိုက်ပြီး ........

"ထမင်းစား ပြီးပြီး။ပြီးတော့ အာ့မှာက လူများတော့
စိတ်ရှုပ်တယ် .....မနေချင်လို့ " ဟုဆိုကာ နှုတ်ခေါင်းလေး ရှုံ့ ပြီးပြောနေသော ရှောင်ကျန့်ကြောင့် ရီပေါ်ကတစ်ခုခုကို သတိရသွား၍.........

" ဒါဆို ကျိုး ကော?။လြူကီးသူ့ကို တစ်ယောက်တည်း ထားခဲ့တာလား?....."ဟုဆိုကာ စိုးရိမ်နေသော အမူအရာဖြင့် မေးနေသော ရီပေါ်။

ရှောင်ကျန့်က ရီပေါ်သည် သူနှင့်ကိုယ့်ကြား ဝင်နှောက်ယှက်နေသော ကျိုး ၏အကြောင်းကို သေချာမသိဘဲ ကျိုး အား ခင်မင် တွယ်တာနေ‌သည်ကို တွေ့ ရတာ
စိတ်ထဲတွင် အနည်းငယ်မျှပင် အလိုမကျချေ။

သို့သော်လည်း  မည်မျှပင်  စိတ်အလိုမကျ ဖြစ်နေပါစေ ချစ်ရသူကိုတော့ ရှောင်ကျန့်  နည်းနည်းမျှပင်  အပြစ်မဆိုချင်။ထို့နောက်  ရီပေါ်ကို  ကိုယ်သဘောမကျတဲ့သူနဲ့လည်း
မပေးတွေ့  စေချင်သော ရှောင်ကျန့်က ရီပေါ်ကို
" ကျိုးလည်း ပြန်သွားပြ်ီးလို့ " ဟုဆိုကာ ညာခဲ့လေသည်။

ထိုစကားကို အမှန်ထင်သော ရီပေါ်မှာ ရှောင်ကျန့်ခေါ်ရာနောက် အလိုက်သင့်လေး လိုက်သွားခဲ့လေသည်။

.....................................................................

"ကလေးရေ ! မနက်ဖြန် ကိုယ်တို့ မားတို့အိမ်ကို သွားကြရအောင် ။ကလေးမားက လွမ်းလို့ လာလည်ပါဦးတဲ့......" ဟူသော ရှောင်ကျန့်၏ စကားအဆုံးမှာ ရီပေါ်မျက်နှာလေး ဝင်းလဲ့လာခဲ့သည်။

သူမားဆီကို အရမ်းပြန်ချင်တာ။ ပြန်လည်မည်ဟု တွေးလိုက်တိုင်းလည်း ကျောင်းတစ်ဖက်နှင့် အားချိန်မရသောကြောင့် မပြန် လည်မိဘူး။အရင်ကဆိုရင် ကျောင်းတက်ရင်တောင် မားအိမ်ကို ညနေပိုင်းဝင်လည်လို့ ရသေးသည်။ အခုက ရီပေါ်မားသည် သူမ၏မွေးရပ်မြေတွင် အေးအေးချမ်းချမ်းနေချင်သည်ဟု ဆိုလာသောကြောင့် ပေကျင်းမှာ မနေတော့ပဲ သူမ၏မွေးရပ်ဒေသမှ ခြံလေးထဲတွင် သွားပြန်နေလေသည်။

BAD BOYWhere stories live. Discover now