Bad Boy - 46

2.5K 259 48
                                    


"ရီပေါ် !..... နင် ဒါဘာလုပ်တာလဲ?။"
"ဟော ....ဗျာ ဘလိုင်းကြီးပါလား ။ ကျွန်တော်လည်း ဘာမှမလုပ်ရပါလား ။"

"ရီပေါ် မင်းလုပ်တာ မင်းသိမှာပေါ့ ။ ဒီကိစ္စသာ မောင်သိသွားရင် မင်းကိုမောင်က စွန့်ပစ်သွားမှာနော် ။မောင်က မင်းကို ဘယ်လောက်ပဲချစ်နေပါစေ .....စိတ်ဓါတ်မကောင်းဘူးဆိုရင် ထားသွားမှာပဲဆိုတာ သတိထား ။"

ဟုဆိုကာ တင်းမာစွာပြောပြီး ထွက်သွားရန်ပြင်နေသော လင်းကို ရီပေါ်တစ်ယောက် စိတ်ဆိုးဆိုးနှင့် လှေကားပေါ်မှ တွန်း၍ပြင်လိုက်လေသည်။

လှေကားက နိမ့်နေသောကြောင့် ပြုတ်ကျလျှင် ခြေကျိုး ၊ လက်ကျိုးသာ ဖြစ်နိုင်သည့် အခြေအနေဖြစ်သောကြောင့် ရီပေါ်တစ်ယောက် ဘာမှတွေးမနေတော့ဘဲ ဒေါ်သကိုရှေ့တန်းတင်မိကာ လင်းအားတွန်းပစ်လိုက်လေသည်။

သို့သော် အနီးအနားမှကြားလိုက်ရသော ကလေးဟူသော အသံလေးအဆုံး ရီပေါ်ပြုတ်ကျခါနီး လင်းအားပြန်ဆွဲကာ တစ်ပတ်လှည့်၍ လင်းအစားလှေကားမှ ပြုတ်ကျခံလိုက်လေသည်။

"ကလေး ! ....." ရှောင်ကျန့်၏ စိုးရိမ်တစ်ကြီး အော်ပြောလိုက်သော အသံအဆုံးတွင် ရီပေါ်မျက်လုံးများ မှိတ်ထားရင်း စိတ်ထဲမှကျေနပ်စွာ ပြုံးလိုက်လေသည်။

*ကျွန်တော်က ကိုကို့ကို အသား အနာခံပြီး ပြန်လုရတဲ့ အထိကိုချစ်တာ *


"ဆရာ .....လူနာအခြေအန ဘယ်လိုလဲဗျ? ။"

"အင်း ....လူနာအခြေအနေက ခေါင်းပေါက်သွားတာပါ ။အခုတလော လူနာကအရမ်းပင်ပန်းနေတဲ့ ပုံပဲ ...။ ဒါကြောင့် ဆေးရှိန်ပြယ်တဲ့ အထိ နိုးဉီးမှာ မဟုတ်သေးဘူး ။"

"ဟုတ်ကဲ့ .....ဆရာ ကျေးဇူးတင်ပါတယ် ။"

ဆရာဝန် ပြန်သွားမှ ရှောင်ကျန့်အနားသို့ မျက်နှာငယ်လေးနဲ့ရောက်လာသော လင်း ။

ရှောင်ကျန့်ကို စိတ်တိုနေမည်ဟု ထင်ထားသောလည်း အေးဆေးစွာ စကားပြောလာသောကြောင့် လင်းတစ်ယောက် စို့နင့်နေသောစိတ်ကို ဒုန်းဒုန်းချကာ မျက်ရည်များထိန်းမရအောင် ကျနေမိလေသည်။

BAD BOYWhere stories live. Discover now