Bad Boy - 55

2.4K 230 42
                                    

"ကလေး ကိုကိုကြည့်ကောင်းရဲ့လား ? ။ "

"အင်း ....ကိုကို အရမ်းချောတယ် ။"

ဒီနေ့ရှောင်ကျန့်ဘွဲ့ယူမည့်နေ့ ဖြစ်သောကြောင့် ဘွဲ့ဝတ်စုံနှင့်ကြည့်ကောင်းနေသော ရှောင်ကျန့်ကို
ရီပေါ်တစ်ယောက် လက်မလေးတစ်ထောင်‌ထောင်နှင့် ချီးကျူးနေခြင်းဖြစ်သည်။

" ကလေးဒီနေ့ အရမ်းပျော်နေသလိုပဲနော် ။ ဘာပျော်စရာများ တွေ့ ထားလို့လဲ ? ။ "

" အာ .....အဲ့ဒါကလေ ကလေးက ကိုကိုဘွဲ့ရပြီဆိုတော့ ဝမ်းသာလို့ပါ ။ "

"ဟမ် ! ဘာဆိုင်လို့ "

"အယ် ....ကိုကိုကလည်း အ လိုက်တာ ။
ကိုကို ဘွဲ့ယူပြီးရင် ကျောင်းမသွားရတော့ဘူးလေ ။
အဲ့တာကြောင့် ကလေးနေ့တိုင်း ကိုကိုနဲ့အတူတူ ထမင်းစားလို့ရပြီလေ ။ ဟိဟိ "

ရီပေါ်တစ်ယောက် သူ့အတွေးနဲ့သူကျေနပ်စွာ ပြုံးနေသော်လည်း ရီပေါ်၏စကားကြောင့်
အင်္ကျီ‌‌ပေါ်တွင် ပြေးလွှားနေ‌‌သော ရှောင်ကျန့်လက်များ ခတ္တခဏမျှ ရပ်တန့်သွားမိလေသည်။

"သွားရအောင် ကလေး ။ ဆုပေးပွဲ နောက်ကျတော့မယ် ။ "

"အင်း " ဟုဆိုကာ လိုအပ်သည့်ပစ္စည်းများကို ယူကာ ရီ‌ပေါ်တို့နှစ်ယောက်‌ယောက် ကားပေါ်သို့တက်ကာ  ပေကျင်း တက္ကသိုလ် ‌ကျောင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

" အယ် ! ရီပေါ်တို့ ရောက်ပြီလား ? ။ ငါတို့က နင်တို့ကို စောင့်နေတာ ။ "

"အေး .....အစောကြီးရောက်ရင် ပျင်းနေမှာဆိုးလို့
အခုမှ လာတာဟ ။ "

" အေးပါဟာ ။ အဲ့တာဆိုလည်း အထဲဝင်ကြရအောင် ။ ဘွဲ့လက်မှတ်ပေးတော့မယ်ထင်တယ် ။ "

" အေအေ "

.........................................….............................

ဘွဲ့ အပ်နှင်းသဘင်ပွဲ ပြီးဆုံး၍ ခန်းမထဲကထွက်လာသော မင်ယွဲ့အားပန်းစည်းတစ်စည်းနှင့် စောင့်နေသူမှာ ကျိုး ။

"မလာဘူးလို့ ထင်ထားတာ "

"ဘာလို့ "

"စိတ်ဆိုးနေမယ် ထင်လို့လေ ။ "

" ဒါဆို ဘာလို့ .....???? ။ အိုက်ယာ !.....
နင် ငါ့ကို တာဝန်ယူသင့်တယ်မလား? ။ "

BAD BOYWhere stories live. Discover now