Bad Boy - 32

3.3K 319 44
                                    

" ကလေးရေ နေ့လည်ကျရင် ကိုယ်လာခေါ်မယ်
စောင့်နေ‌နော် "

"ဟုတ် ကိုကို "

ရီပေါ်ဆီမှ ကိုကိုဟူသော ခေါ်သံကြောင့် ရှောင်ကျန့်၏သွား‌တော့မည့် ‌ခြေလှမ်းများကို  ရပ်ကာ ရီပေါ်အား အံ့ဩစွာဖြင့် ပြန်လှည့် ကြည့်လိုက်‌လေသည်။

" ကလေး  ဘာပြောလိုက်တာလဲ ?  ။ ထပ်ပြောပြပါဦး .....ခုဏက ကလေး ကိုယ့်ကို ကိုကိုလို့ ခေါ်လိုက်တာမလားဟင် ? " ဟုဆိုကာ ရှောင်ကျန့်က ရီပေါ်၏ ပခုံးနှစ်ဖက်အား ဆုပ်ကိုင်၍ မေးတော့ ရီပေါ်က ရှက်သွားသဖြင့်  ခေါင်းလေးငုတ်ကာ"အင်း "ဟု  ‌ဖြေရှာသည်။

"ဟာကွာ ! ဘယ်လိုလေးမှန်းလဲ မသိဘူး ။ အရမ်းချစ်ဖို့ ကောင်းလာတယ် ။ အာ့တာကြောင့် မင်းလေးကို အပြစ်ပေးရမယ် " ဟုဆိုကာ ရီပေါ်၏ ပါးပြင်လေးအား " ရွှတ် " ကနဲ့မြည်အောင် နမ်းလိုက်သော ရှောင်ကျန့်ကြောင့် ရီပေါ်၏မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အခန်းထဲမှ ကျောင်းသူကျောင်းသားများ၏ အာရုံသည် အရှေ့တန်း၌ နှစ်ယောက်တစ်ကမ္ဘာတည်နေသော
ရှောင်ကျန့်တို့ဆီသို့ စုပုံရောက်လာလေသည်။

ထိုအခါမှ ရှောင်ကျန့်တို့နှစ်ယောက် မိမိတို့အား ဝိုင်းကြည့်နေကြသော ကျောင်းသား ‌ကျောင်းသူများကို သတိထားမိသွား‌ကာ
နှစ်ယောက်သား ရှက်ရမ်းရမ်းဖြင့် ရယ်ပြလိုက်လေသည်။
ထို့နောက် ရီပေါ်ကစ၍ပင် ရှောင်ကျန့်ကို အခန်းထဲမှ အမြန်ပြန်ခိုင်း‌လိုက်လေသည်။

" အမယ် အမောင်ရီပေါ်တို့များ ro နေကြတာ ။ ဘေးက ငါနဲ့ရှင်းချန်ကို‌တောင် သတိရသေးရဲ့လား မသိဘူး " ဟုဆိုကာ ကျိုးက စနောက် နေသောကြောင့် ရီပေါ်လည်း သဘောကျစွာဖြင့်  ပြုံးပြလိုက်ပြီး ကျိုးနှင့် ရှင်းချန် ကြားက ခုံတွင်ဝင်ထိုင်လိုက်လေသည်။

.........................................................................

နေ့လည် ရောက်နေပြီဖြစ်သောကြောင့် ရီပေါ်တစ်ယောက် ရှောင်ကျန့်အား စာသင်ခန်းထဲတွင် ထိုင်စောင့်နေလေသည်။
အချိန်တစ်ဖြည်းဖြည်းကုန်လာတာနှင့်အမျှ အတန်းထဲမှ ကျောင်းသူ ကျောင်းသားအများစုက သက်ဆိုင်သူကိုယ်စီနှင့် ထထွက်သွားကြပြီး အခန်းထဲတွင် ရီပေါ်နှင့်အတူ ကျိုးနှင့်ရှင်းချန်သာ ရှိတော့သည်။ အချိန်ကတအားလွန်လာသော်လည်း ရှောင်ကျန့်ကမပေါ်လာသေးသဖြင့် ရီပေါ်တို့စိတ်ပူကာ ရှောင်ကျန့်၏စာသင်ခန်းထဲသို့ လိုက်သွားကြည့်ကြလေသည်။

BAD BOYWhere stories live. Discover now