Bad Boy - 59

2.8K 253 97
                                    

သံတိုင်တွေက အေးစက်လွန်းတယ် ။ လေရူးတွေက
တိုက်ခတ်လွန်းတော့ စောင်းပါးပါးတစ်ထည်က အနွေးဓါတ်ကို မပေးနိုင် ။

ဂုတ်ဝဲထိ ရှည်နေသော ဆံပင်အုပ်အုပ်က ဖြူဖွေးနေတဲ့ မျက်နှာကို အုပ်ထားပေးသည် ။ မရိတ်သင်းထားတဲ့ ပါးသိုင်းမွှေးတွေက ရှောင်ကျန့်ကို  ရှိရင်းအသက်ထက် ပိုကြီးပုံ ‌ပေါ်စေသည်။

ဒီတစ်ခါလာတဲ့ စာလေးကလည်း စိတ်မချမ်းမြေ့စရာလေးပါပဲ ။ သူမနိုးသေးဘူးတဲ့ ။
တစ်နှစ်တောင် ရှိခဲ့ပြီလေ ။ သာမန်နှစ်ထက် ပိုအေးပြီး ပိုထူတဲ့နှင်းစက်‌လေးများက အချမ်းပိုတတ်တဲ့ ရီပေါ်ကို ရင်ထဲကနေ တသိမ့်သိမ့် လွမ်းမိစေသည်။

"တစ်နှစ်တောင် ရှိပြီး ။ လွမ်းလိုက်တာ
ကလေးရယ် ။အချိန်တွေကုန်တာ နှေးလွန်းတယ်။ "

အေးစက်လွန်းတဲ့ရာသီမှာ ရှောင်ကျန့်ရင်ကို အနွေးဓါတ်ပေးနိုင်တာ ချစ်ရသူရဲ့ ကိုယ်ပွားလေး ။
သတိရတိုင်း ထုတ်ကြည့်မိတော့ ဘေးမှအချင်းချင်းတွေက သူတို့၏အချစ် ဇာတ်လမ်းအချို့ကို မျှဝေကြတယ် ။

.......................................................................

ဘာလိုလိုနဲ့ နွေဦးကိုထပ်ရောက်လာခဲ့ပြန်တယ်။ အိပ်ခန်းရဲ့ ‌ထောင် နံရံလေးမှာတော့ ချစ်ရသူနဲ့‌ ပြန်တွေ့ ရမဲ့ ရက်လေးကို မီးသွေးချောင်းလေး များနှင့် ခြစ်၍ မှတ်သားထားလို့ ။ တစ်ရက် ကုန်ဆုံးသွားတိုင်းမှာ မျက်ရည်တစ်စက် ကျမိပြီး ပျော်ရွှင်မိတယ် ။

ဒါရဲ့အကြောင်းပြချက်ကလည်း ပြန်တွေ့ ကြတဲ့အခါ
ငိုစရာမျက်ရည်တွေ မရှိကြ‌ရအောင်ဆိုသည့် သဘောပဲမလား ။

အခုတော့ ပခုံးပေါ်ဝဲနေသည့် ဆံစလေးတွေကို ရှောင်ကျန့်က ကြိုးတစ်ချောင်းနှင့် ထုံးဖွဲ့ကာ
အလုပ်ကိုကြိုးစားလုပ်နေလေသည်။ကံကောင်းလျှင် လွတ်နိုင်သည့် အကြောင်းပြချက်ဖြင့် ။

ဒီနှစ်လည်း ရီပေါ်ရဲ့မွေးနေ့လေး‌ တစ်ဖန် ပြန်ရောက်နေပြီး ။ အရင်နှစ်ကလိုပဲ အသံလေးသွင်းကာ ပြောချင်တဲ့စကားများကို ယီဘင်တို့ဆီမှ တစ်ဆင့်ဖွင့်ပြခိုင်းရသည်။

ထောင်ဝင်စာလာတွေ့ သည့်အခါ  တစ်ခါတစ်ယောက်နှင့် အလည့်စုံအောင်
လာတွေ့ ကြသော်လည်း ရှောင်ကျန့်ရင်ထဲ မပျော်ရွှင်နိုင်ပေ ။ သူမျှော်နေသည်မှာ
သဝန်တိုတတ် ၊ စိုးရိမ်တတ် ၊ ချစ်တတ်လွန်းတဲ့ သူ၏ချစ်ရသူ ။

BAD BOYWhere stories live. Discover now