Bad Boy -17

5.2K 446 16
                                    


ဘာလိုလိုနဲ့ ရှောင်ကျန့်ကျောင်းတက်သည့် အချိန်ကာလမှာ နှစ်လပင်ရှိသွားပြီဖြစ်သည်။
ထိုနှစ်လအတွင်း ဘယ်အရာမှ ‌ပြောင်းလဲသွားခြင်း မရှိသော်လည်း ပြောင်းလဲသွားသည့် တစ်ခုတည်းသော အရာမှာ ရီပေါ်တစ်ယောက် ရှောင်ကျန့်အပေါ်တွင် သိသိသာသာ သဝန်တိုလာခြင်းပင် ဖြစ်သည်။

"ရှောင်ကျန့်ကော .....ကော့ကို ရွှယ် သဘောကျနေတာ ကြာပါပြီး ...….ဒီနေ့က ချစ်သူများနေ့ဆို‌တော့ ကော ရွှယ်ရဲ့ ချော့ကလက်လေးကို
လက်ခံပေးပါနော် ..........."ဟုဆိုကာ မျက်လွှာလေးချကာ  ရှက်သွေးဖျာနေသော ကောင်မလေး...............

ချော့ကလက်မုန့်လေး ရှောင်ကျန့်လက်ထဲ မရောက်‌သေးခင်မှာပဲ ရှေ့ကကြားလိုက်ရသော "ယောက်ျား "ဆိုသည့် စကားလေးကြောင့် မုန့်ကမ်းပေးနေသော ရွှယ်၏လက်များ တွန့်ဆုတ်သွားရလေသည်။

ရွှယ် တစ်ယောက် မိမိ‌ရှေ့မှ အကြည့်ချင်းဆုံကာ  လက်ချင်းချိတ်ထားသော ကောင်လေးနှစ်ယောက်ကိုသေချာ အကဲခတ်ကြည့်မိရာ ဟန်ဆောင်ထားသည့် ပုံမပေါ်သည့်အတွက် ..........

မိမိသည် အိမ်ထောင်ရှိ ယောက်ျားလေးတစ်ယောက်ကို ချောကလက် ပေးမိသွားမှန်းသိရသဖြင့် အရှက်လွန်ကာ ထိုနေရာမှ အလျင်အမြန် ‌ပြေးထွက်သွားလေသည်။

ရွှယ်တစ်ယောက် ထွက်သွားပြီးမှ ရီပေါ်က ခုဏကချိတ်ထားသော ရှောင်ကျန့်၏လက်ချောင်းများ ကြားထဲမှ သူ၏ လက်ချောင်းလေးများကို အတင်းဆွဲဖြုတ်လိုက်ပြီး
ရှောင်ကျန့်နှင့် ဘေးနှစ်လှမ်းလောက်အကွာတွင် အမြန်သွားရပ်လိုက်လေသည်။

ထို့ကြောင့် ရှောင်ကျန့်က အခြေအနေကို
အံ့ ဩစွာဖြင့် .......

"ဘာဖြစ်လို့လဲ ရီပေါ် ........
ဘာ‌တွေ စိတ်အလိုမကျပြန်ပြီးလဲ ?......."ဟု မေးတော့ .........

ရီပေါ်က ရှောင်ကျန့်အား ဘု ကြည့်ကြည့်ကာ .......

"ဘယ်မှာလည်း ချော့ကလက်??? !!......."

"ဟမ်!! ချော့ကလက်လား?......
ခုဏက မယူဖြစ်ဘူးလေ......."ဟုဆိုကာ လည်ပင်းတစ်ခုလုံး ပိုးထိသလို ပွတ်နေသော ရှောင်ကျန့်ကို စိတ်မရှည်လာသော ရီပေါ်က .......
ရှောင်ကျန့်၏ ဘေးနှစ်လှမ်းအကွာတွင် ရပ်နေရာမှ မျက်နှာချင်းဆိုင်အနေအထားသို့ ရွှေ့လိုက်ပြီး ရှောင်ကျန့်အား ခါးကြီး‌ထောက်ကာ မျက်မှောက်ကျုံ့ ၍ ကြည့်လေသည်။

BAD BOYWhere stories live. Discover now