Bad Boy - 45

2.5K 240 46
                                    


"ကိုကို ကျောင်းသွားရင် ကလေးတော့ အိမ်မှာပျင်းနေတော့မှာပဲ ။"

"ခဏပါပဲ ကလေးရဲ့ ။ ကိုကိုအရေးကြီးတဲ့ အတန်းချိန်လောက်ပဲတက်ပြီး အိမ်ပြန်လာခဲ့မယ်လေ။ ဟုတ်ပြီလား ။"

"အွန်းပါ .....ဒါဆို ကျောင်းမသွားခင် ကလေးကို အာဘွားပေးသွား ။"

ရီပေါ်တစ်ယောက် တံခါးအကွယ်နားတွင် ရပ်နေသောလင်းကို မသိချင်ဟန်ဆောင်ကာ ရှောင်ကျန့်အား ပါးလေးဖောင်းကာ နမ်းခိုင်းလေသည်။

"မွ .....မွ ။ ကျေနပ်ပြီလား ကလေးရေ ။"

"အွန်း ......ကျေနပ်ပြီး ။" ဟုဆိုကာ မျက်လုံးများပိတ်သွားသည်အထိ ပြုံးရယ်နေသော ရီပေါ်ကို ရှောင်ကျန့်က ခေါင်းလေးဖွပေးကာ ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်လေသည်။

"ကိုကို သွားပြီနော် ။"

"ဟုတ် .....။"

ရှောင်ကျန့်ဆိုင်ကယ်လေး အလှမ်းနည်းနည်း‌‌ဝေးသော နေရာသို့ရောက်မှ ရီပေါ်တစ်ယောက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့‌လေသည်။ထို့နောက်တွင်မူ အကွယ်နားတွင်ရပ်နေသော လင်း၏အနားသို့ ရီပေါ်ကမတ်တပ် သွားရပ်လိုက်ကာ .........

"ခင်ဗျားတွေ့တယ် မလား? ။ကိုကိုက ကျွန်တော်ကိုပဲ ချစ်တာပါဆို ။ ခင်ဗျားကို အိမ်မှာခေါ်ထားတာက တစ်ချိန်ကအသိတစ်ယောက်က နာဖျားပြီးသေခါနီးနေလို့ သနားလို့ခေါ်ထားတာဗျ ။

အဲ့ဒါကို နားမလည်ဘဲ ကိုကိုက ခင်ဗျားကိုချစ်ပါတယ်လို့ လျှောက်တွေးမနေနဲ့။ ကိုယ့်နေရာကိုယ်သိ .....ခင်ဗျားကို အိမ်မှာမြင်နေရတာ စိတ်ရှပ်လာပြီးလို့ ကိုကိုပြောတာလည်း မဆန်း ။ ကျွန်တော်တောင် ခင်ဗျားကိုတွေ့ရင် ရောဂါပေါင်းစုံရနေသလိုပဲ ။ မြင်ရတွေ့ရတာ ကျက်သ‌ရေကို မရှိဘူး ။"

ဟူသော ရီပေါ်၏စကားအဆုံးမှာ လင်းတစ်ယောက် ရှက်စိတ် ၊ ၀မ်းနည်းစိတ်တို့ဖြင့် ထိုနေရာမှ ထွက်ပြေးသွားလေသည်။

"ဟင့်....မောင့်အတွက် ငါကအရှုပ်ထုပ်လာ ? ။ ငါ့ရဲ့အချစ်တွေက မောင့်ကိုအနှောင့်ယှက် ဖြစ်စေတာလား ? ။အဲ့ဒါဆိုရင်တော့ မောင်ရယ် မ ရှောင်ပေးပါ့မယ် ။ မ ကို အိမ်ကနေထွက်သွားလို့ မပြောလာမချင်းတော့ မ ဒီအိမ်မှာပဲ နေပါရစေနော် ။ မ မောင့်ရဲ့အ‌ဝေးမှာ မနေချင်ဘူး" ဟုဆိုရင်း လင်းတစ်ယောက် အိမ်ခန်းထောင့်လေးတွင် အသံတိတ်ရှိုက်ငိုနေလေသည်။

BAD BOYWhere stories live. Discover now