Bad Boy - 8

6.2K 543 9
                                    


ရီပေါ်တစ်ယောက် ရှောင်ကျန့်၏တောင်းဆိုမှု‌ကြောင့်
ရှောင်ကျန့်နှင့်အတူ club bar တစ်ခုတွင် ရောက်နေလေသည်။bar သို့ရောက်ရောက်ချင်းပင်
ရှောင်ကျန့်အနားသို့ ‌ပြေးကပ်လာသော ကောင်မလေးတစ်ယောက် ........
စကားတွေချွဲပစ်နေအောင်ပြောပြီး ရှောင်ကျန့်ကို
မီးရောင်စုံအောက်  ကောက်ကွေးနေအောင်
ကနေသော လူများ ကြားထဲသို့ ဆွဲခေါ်သွားလေသည်။

ရှောင်ကျန့်လည်း မီမီ  ‌ခေါ်ရာနောက်ပါသွားပြီးမှ bar တွင် ရီပေါ်တစ်ယောက်တည်း ကျန်ခဲ့မှန်း သတိပြုမိလေသည်။အဆင်ပြေမည်ဟု ထင်ထားသဖြင့် မီမီနဲ့ပဲဆက်ကနေရာမှ .........

"ရှောင်ကျန့်!!!!!!!!!......" ဟူသော ခေါ်သံအကျယ်ကြီးကို ကြားခါမှ bar ကို လှည့်ကြည့်လိုက်ရာ...........

ထိုင်ခုံပေါ်တွင် ထိုင်နေသော ရီပေါ်၏လက်နှစ်ဖက်ကို ချုပ်ကာ နမ်းရန်ပြင်နေသော လူမိုက်ကြီးတစ်ယောက် .........
ဘေးနားတွင်လည်း အပေါင်းအပါ တစ်ဖွဲ့..........

ရီပေါ်ကိုကြည့်လိုက်တော့လည်း မျက်နှာတွင် တစ်ချို့ပွန်းပဲ့ရာများ ရှိနေပြီး စိုးထိန့်နေသော
အကြည့်များက ရှောင်ကျန့်၏စိတ်ကို တုန်လှုပ်စေသည်။

လူမိုက်သာ တစ်ယောက်ထဲဆိုလျှင် ရှောင်ကျန့်တိုက်နိုင်သော်လည်း .......
အဖွဲ့လိုက်ကြတော့ ရှောင်ကျန့်တစ်ယောက်နှင့်မရသော‌ကြောင့်........

နီးစပ်ရာ သစ်သားချောင်းတစ်ချောင်းအား ကောက်ဆွဲ၍ ထိုလူမိုက်ကြီး၏ခေါင်းအား အားပြင်းပြင်းနှင့် ရိုက်ချလိုက်လေသည်။.......

ထို့‌နောက်တွင်  လူများအုံလာတော့မှ ရှောင်ကျန့်တစ်ယောက် ရီပေါ်၏လက်အားဆွဲကာ
ကလပ်ထဲမှအမြန်ထွက်လာခဲ့‌လေသည်။
သို့သော်လည်း ရှောင်ကျန့်ရိုက်လိုက်‌သော သူနှင့် သူ၏အပေါင်းအဖော်များသည် ရှောင်ကျန့်နှင့် ရီပေါ်နောက်အား ပြေးလိုက်လာခဲ့လေသည်။

ထို့ကြောင့် ရှောင်ကျန့်လည်း ရီ‌ပေါ်နှင့်အတူ ဆိုင်ကယ်မောင်း၍ ပြေးရာ အနောက်မှကားနှင့်လိုက်လာကြသော သူများကြောင့်
အချိန်အတော်အကြာထိ လွတ်အောင် ‌မောင်း‌ပြေးရသော ရှောင်ကျန့်တို့ ........
ထိုသူများကို မျက်ခြေပြတ်ပြီးလို့ သေချာမှ  မြစ်တစ်ခုနားတွင် ဆိုင်ကယ်ရပ်ကာ နားကြလေသည်။

BAD BOYWhere stories live. Discover now