Bad Boy - 23

4.1K 360 53
                                    

ရီပေါ်တစ်ယောက် ကျောင်းစရောက်ကတည်းကပင်
ရှောင်ကျန့်ဆီကိုလည်း မလာပေ။ရှောင်ကျန့်က လာရှာရင်လည်း မအားဘူးဟုသာ ပြော၍ ‌ရှောင်နေလေသည်။‌ စာသင်ချိန် ခဏလွှတ်၍ ရီပေါ်အခန်းဘက်ကို သွားကြည့်ရင်လည်း ကျိုးနှင့် ရယ်မောကာ စကားပြောနေသော ရီပေါ်ကို
‌‌တွေ့ လိုက်ရသဖြင့် ရှောင်ကျန့်မသိစိတ်ကပင် ထိုမြင်ကွင်းအား အလိုမကျ ဖြစ်နေမိသည်။

ထို့ကြောင့် အခန်းထဲဝင်၍ ရီပေါ်ကိုသွားခေါ်မည် လုပ်တော့လည်း ရှောင်ကျန့်အနောက်မှနေ၍ စာသင်ခန်းထဲသို့ ဝင်လာသော ဆရာကြောင့် ရှောင်ကျန့်တစ်ယောက် စိတ်လျော့ကာ မိမိအခန်းဘက်သို့ ပြန်လာခဲ့လိုက်လေသည်။

ရီပေါ်နှင့်ကျိုး ရယ်ရယ်မောမောနှင့် စကားပြောနေတာကို မြင်လိုက်ရသည့်
ရှောင်ကျန့်အဖို့ စိတ်တွေက ဆောက်တည်ရာမရတော့ပဲ တစ်ခုခုကို စိုးရိမ်နေသလို ၊ ပူပန်နေသလိုလိုနှင့် ရှုပ်ထွေးနေလေသည်။

* ကျိုး ဆိုတဲ့ မင်းက ဘယ်လို မိန်းကလေးလဲ?......
မင်း ငါတို့နားကို ဘာသ‌ဘောနဲ့ ချဉ်းကပ်လည်း ငါမသိပေမဲ့ ကောင်းတဲ့သဘောမဟုတ်နိုင်တာတော့ ငါခန့်မှန်းမိတယ်.....*

ညနေ ကျောင်းလွှတ်တော့ ရှောင်ကျန့်က ရီပေါ်ကို စာသင်ခန်းထဲတွင် သွားရှာလေသည်။ရီပေါ်ကို
မတွေ့ ၍ အတန်းထဲမှ လူအချို့ကို မေးကြည့်ရာ
ကျိုး နှင့် ပြန်သွားတာ ကြာပြီးဖြစ်ကြောင်း သိရ၍
ရီ‌ပေါ်အိမ်ပြန်ရောက်နေပြီးဟု ထင်ကာ ရှောင်ကျန့် အိမ်သို့အမြန်ပြန်သွားလေသည်။

အိမ်ပြန်ရောက်တော့ လူမရှိသည့်အပြင် အိမ်တံခါးပါသော့ခတ်ထားသောကြောင့် ရှောင်ကျန့်မိမိအိတ်ထဲတွင် အပိုဆောင်ထားသော သော့လေးဖြင့် တံခါးဖွင့်ကာ  အိမ်ထဲသို့ဝင်သွား‌လေသည်။
ရှောင်ကျန့် အိမ်ပြန်ရောက်သည်မှာ ‌၄နာရီ ကတည်းကပင် ဖြစ်ပြီး ရီပေါ်ပြန်အလာကို ထိုင်စောင့်နေကာ ညနေ ၆နာရီပင် ထိုးသွားလေသည်။ထို့ကြောင့် ရှောင်ကျန့်လည်း စိတ်ပူလာသဖြင့် ဆိုင်ကယ်သော့ယူကာ ရီပေါ်အား သွားရှာမည်အလုပ် ...............

အိမ်ထဲသို့ ဝင်လာသော ရီပေါ် ။ရီပေါ်အိမ်ထဲသို့ ဝင်လာသည်ကို မြင်မှသက်ပြင်းအရှည်ကြီးအား ချနိုင်သော ရှောင်ကျန့် ။

BAD BOYWhere stories live. Discover now