Bad Boy -18

4.9K 434 10
                                    

ရှင်းချန်တစ်ယောက် သူ့ကိုအနောက်မှ ပွေ့ ဖက်ထားသော သူကိုတွေ့ ချင်မိသဖြင့် အနောက်လှည့်ကြည့်လိုက်ရာ.........
ဟောက်ရွှမ်ဖြစ်နေသည်။

"အာ!!......‌ဟောက်......‌ဟောက်ရွှမ်!!! ......" ဟုဆိုကာ မျက်လုံးလေးပြူးပြီး နှုတ်ခမ်းလေးဟကာ
အံ့  သြစွာ ဖြင့် ‌ကြောင်‌ကြည့်နေသော ရှင်းချန်ရဲ့ပုံစံ‌လေးကို ဟောက်ရွှမ်ကသဘောကျစွာဖြင့် ပြုံးပြလိုက်လေသည်။

"မဟုတ်မှ ....မင်း......မင်းက ....ငါ့ကို ခုနှစ်လလုံးလုံး ပန်းစည်းလက်ဆောင်ပေးနေတဲ့သူပေါ့ ....."ဟုဆိုကာ ရှင်းချန်တစ်ယောက် ဟောက်ရွှမ်အား လက်ညိုးလေး ယမ်းယောင်ပြီး ထိုးကာ ပြောနေလေသည်။

"ဟုတ်ပါတယ်......ကော
ကျွန်တော်က ကော့ကို မြင်မြင်ချင်း သဘောကျမိပေမဲ့ ကျွန်တော်လို  အထက်တန်းမအောင်သေးတဲ့ကျောင်းသားလေးကို
ကောလက်မခံနိုင်မှန်းသိလို့ ......ကျွန်တော် အထက်တန်း‌အောင်စာရင်းရလဒ်ကို စောင့်ပြီး
အောင်စာရင်းမှာ ကျွန်တော့်နာမည်ပါတယ်ဆိုတော့မှ
ကျွန်တော် ကောရဲ့ချစ်သူဖြစ်ဖို့ စကြိုးစားခဲ့တာပါ။‌ကော ...အခု "

‌"‌ဖောင်း!!!!!....."ဟူသော အသံအဆုံး၌ ဟောက်ရွှမ်း၏ နှုတ်ခမ်းပါးတွင် သွေးစများထွက်လာလေသည်။

"ကော .....ကျွန်တော် ....." ဟောက်ရွှမ် စကားပင်မဆုံးသေး။ ရင်ခွင်ထဲသို့ တိုးဝင်ကာ မလွှတ်တမ်းဖက်ထားသော ရှင်းချန်ကြောင့် ဟောက်ရွှမ်၏ ပြောမည့်စကားစများ ရန့်တန့်သွားခဲ့ရလေသည်။

"တွေ့ ချင်နေခဲ့တာ .....ဘာလို့ အခုမှ‌
‌ပေါ်လာရတာလဲ?......."

"တောင်းပန်ပါတယ်ကော .......ကျွန်တော်
ဒီအတိုင်းဖွင့်ပြောဖို့က ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိလို့ပါ......." ဟုဆိုကာ ချစ်ရသူလေးကို ရင်ခွင်ထဲမှထုတ်ကြည့်တော့ .........
မျက်ရည်‌လေး ဆက်လက်လေးနှင့် တရှုပ်ရှုပ်ဖြစ်နေသော သူကို ဟောက်ရွှမ်တစ်ယောက် မျက်ရည်များ
သုတ်ပေးကာ နဖူးလေးအား အမြတ်တနိုး နမ်းရှိုက်လိုက်လေသည်။

.......................................................................

"ဒီလာမဲ့ စနေ ၊ တနဂ်နွေကျရင် ‌ကျောင်းကလေ့လာရေး ခရီးသွားကြရမယ်နော် .......
ကြားလာ?..."

BAD BOYWhere stories live. Discover now