Bad Boy - 65

2.8K 246 17
                                    

ရှောင်ကျန့်နိုးလာတော့ သူ၏ရင်ခွင်ထဲတွင် နှစ်မြုပ်အောင် တိုးဝင်ပြီးအိပ်ပျော်နေသော ရီပေါ်၏နဖူးလေးအား အနမ်းတစ်ပွင့် ‌ပေးလိုက်လေသည်။

တစ်ဆက်တည်းမှာပင် မနေ့ညကအကြောင်းတို့က
ခေါင်းထဲအစီအရီ ‌ပေါ်လာသောကြောင့်ရှောင်ကျန့်
ရီပေါ်မျက်နှာလေးကို တစ်ချက်ပြန်ကြည့်ကာ သက်ပြင်းချလိုက်မိ‌လေသည်။

" ကိုကို ....ကိုကို " ဟူသော ညည်းသံအချို့က ရှောင်ကျန့်နားထဲတွင် မရေမရာနှင့် အသေအချာကြားနေရလေသည်။ ခန္ဓာကိုယ်ကလည်း တစ်ခုခုဖြစ်နေပြီး လှုပ်ရှား၍မရအောင်ကို ချုပ်နှောင်ထားသလို ခံစားနေရလေသည်။

အားယူပြီး မျက်လုံးဖွင့်ကြည့် လိုက်တော့ မိမိကိုယ်ပေါ်တွင် တက်ထိုင်ကာ မိမိကိုယ်အား စိတ်ရှိသလိုပြုမူနေသော ရီပေါ်ကြောင့် ရှောင်ကျန့်၏ မပွင့်နိုင်သော မျက်လုံးတို့အစုံသည် ချက်ခြင်းဆိုသလိုပင် ပြူးကျယ်လာခဲ့‌လေသည်။

"က.....ကလေး ဒါဘာလုပ်နေတာလဲ ? ။ ဖယ် ...ဖယ်ပါဉီးကွာ။ "

" မဖယ်နိုင်ဘူး ။ "

"ရီပေါ် ....ကိုယ်ပြောနေတယ်လေ ။ ကုတင်‌ပေါ်ကို ဆင်းလို့ !! ။ " ဟုဆိုကာ အသံမာမာနှင့် အော်လိုက်သော ရှောင်ကျန့်ကြောင့် ရီပေါ်လုပ်လက်စကိစ္စများအား ရုတ်တရက် ရပ်တန့်သွားပြီး ရှောင်ကျန့်အား မျက်နှာငယ်လေးနှင့် ပြန်ကြည့်လာလေသည်။

"ဆင်းလို့ ကိုယ်ပြောနေတယ်လေ ။ ဘယ်လို ဖြစ်လို့ စကားနားမထောင်ချင်ရတာလဲ ကလေးရဲ့ ? ။ " ဟုဆိုကာ ရှောင်ကျန့်က လေသံနည်းနည်း ပြန်လျော့သွားတော့ ရီပေါ်တစ်ယောက်  ‌ခေါင်းလေးငုတ်ကာ ကုတင်းပေါ်သို့ ဆင်းထိုင်လေသည်။

ထို့နောက်တွင်မူ ‌မျက်နှာမဖော်ဘဲ ခေါင်းငုတ်ထားကာ
ပြောလာသော စကားက ........ 

"တောင်းပန်ပါတယ် ။ ကိုကို အဲ့လောက်စိတ်ဆိုးသွားမယ် မထင်လို့ပါ။ ပြီးတော့ ..
ကိုကိုမကြိုက်ရင် ကလေးနောက်ခါ မလုပ်တော့ပါဘူး" ဟုဆိုကာ ပါးပြင်ပေါ်သို့ ကျလာသော မျက်ရည်များကို ဖုံးကွယ်ရန် အခန်းထဲမှပြေးထွက်သွာမည် လုပ်နေသော ရီပေါ်ကို ရှောင်ကျန့်ကပင် အမြန်လှမ်းဆွဲကာ နောက်ကျောမှ နေ၍တင်းကြပ်စွာ ဖက်ထားလိုက်‌လေသည်။

BAD BOYWhere stories live. Discover now