Bad Boy -27

3.6K 336 56
                                    

ရှောင်ကျန့်တို့က ကလဲ့စားချေရန် အသဲကျော်တွေဆီသို့ သွားရာ အသဲကျော်လေးတွေက ကိုယ်စီ မျက်နှာငယ်လေး နှင့် မျက်နှာချင်းဆိုင်ထိုင်နေ‌ကြသောကြောင့် ရှောင်ကျန့်တို့လည်း မထိရက်မကိုင်ရက်ဖြစ်ကာ  ခံခဲ့ရသမျှ ချစ်ရသူတို့၏ အပြစ်ကင်းသော မျက်နှာ‌လေးများကြောင့် လျှော်လိုက်ရလေသည်။ ဘာလိုလိုနဲ့ ည‌နေ‌တောင် စောင်းသွားပြီး ဖြစ်သောကြောင့် ‌နေဝင်ချိန်လေးကို ကြည့်ပြီး လေးယောက်သား နေကြာခင်းမှ ပြန်ခဲ့ကြ‌လေသည်။

ရှောင်ကျန့်တို့ ညနေ ထမင်း စားသောက်အပြီးတွင် ရှောင်ကျန့်ဆီဝင်လာသော phone call.......

ဖုန်းနှင့် စကားပြောမှုအပြီးတွင် ပြုံးလိုက်သော ရှောင်ကျန့်၏ နှုတ်ခမ်းသားများကြောင့် ရီပေါ် မလှမ်းမကမ်းမှ "ဘာလဲ " ဟူသော ပုံစံဖြင့် မေးငေါ့ကာ မေးလေသည်။

"‌သြော် ! မနက်ဖြန်ပဲ ကိုယ့်သူငယ်ချင်းတွေ  ဒီကိုလိုက်လာကြမလို့တဲ့ .....အာ့တာ ကိုယ့်ကို လမ်းမေးနေလို့ ...."

"အော် ! အာ့ဆို ကောင်းတာပေါ့။
လူအများကြီးနဲ့ ပျော်စရာကြီး  ....." ဟုဆိုကာ သူ့အတွေးနဲ့သူ ပျော်နေသော ရီပေါ်ကို ရှောင်ကျန့်ကြည့်မိပြီး သူပါ တစ်ချက်ပြုံးမိသွားလေသည်။

"တကယ့် ဖြူစင်လွန်းတဲ့ ကလေးလေး "

.........................................................................

"ကျိုး !!!....."

"ရှင် !!......"

"ဘာတွေ တွေးနေတာလဲ??.......
စာသင်နေတာ စာလည်း လိုက်မကြည့်ဘူး။
စာစသင်ကတည်းက ငါ့မျက်နှာကိုပဲ စိုက်ကြည့်နေတာ ငါ့မျက်နှာ စာပါလို့လား?......" ဟုဆိုကာ ခါးကြီး‌ထောက်ကာ မိမိဘေးနားလာအော်နေသော သူ‌ကြောင့် ကျိုးတစ်ယောက် ခေါင်းလေးငုပ်ထားကာ နားပူမှုဒဏ်ကို အတော်လေးခံလိုက်ရသည်။

"ဟူး !! ခင်ဗျားကို ချစ်ရတဲ့ ဒုက္ခကလည်း မသေးပါလား!.... "

စာသင်ချိန်ပြီးသွား၍ ကျိုးတစ်ယောက် အတန်းပိုင် ဆရာဆီသွားကာ ရီပေါ်ဘာလို့ ကျောင်းမလာလည်း
သွားမေးလေသည်။ထို့နောက် ရီပေါ်က သူ့မားနေတဲ့ မြို့ကို ခဏပြန်သွားကြောင်း သိရကာ
သူတို့နောက်ကို ဘာလိုလုပ် လိုက်သွားရမလဲဟု  တွေးနေတုန်း weibo acc တွင် တက်လာသော ပုံများ ။ထိုပုံများထဲမှ ပုံတစ်ချို့ကို ကျိုးတစ်ယောက် မိမိဖုန်းထဲsave လိုက်ကာ ထိုပုံ၏နောက်ခံနေရာကို  သက်ဆိုင်ရာ ဝက်ဆိုက် များမှ  ရှာဖွေကာ နေရာသိပြီးဆိုမှ အထုတ်အပိုးအနည်းငယ်ပြင်ကာ လိုက်သွားရန် ပြင်လေသည်။

BAD BOYWhere stories live. Discover now