အပိုင်း ၁

40.5K 1.6K 47
                                    

Zawgyi

"မင်းကြီးကြွချီတော့မူလာပါပြီ"

ရုံးတော်အတွင်း၌ အမတ်ကြီးများရဲ့ သံပြိုင်ရွတ်ဆိုသံများထွက်ပေါ်လာသည်။

"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

"ကောင်းပြီ....
ရှောင်း အမတ်ကြီး"

"ရှိပါတယ်မင်းကြီး"

"ကိုယ်တော်က မနေ့ကမှနန်းတတ်တာဆိုတော့ကာ....အမတ်ကြီးက ခမည်းတော် လက်ထပ်ထဲက သစ္စာရှိအမတ်ကြီးဆိုတော့ ...အခု အမတ်ကြီးကို ဘုရင့်နားက အကြံပေးအမတ်ကြီးအဖြစ်ခန့်မယ်"

"ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး"

တခြားသောအမတ်ကြီးတွေရဲ့မျက်နှာမှာ..ရှောင်းအမတ်ကြီးအား မနာလိုသောအရိပ်အယောင်တွေရှိနေသလို..ငယ်ငယ်ရွယ်ရွယ်နန်းတတ်ပြီး လုပ်ချင်ရာလုပ်တဲ့ ဘုရင်ကိုလဲသဘောကျပုံမရ...။

"ကယ် ရုံးတော်သိမ်းမယ်"

"မှန်လှပါ မင်းကြီး"

🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰

" မယ်မယ် ကျနော် ကလေးတွေကိုစာသွားသင်လိုက်ဦးမယ်နော်"

အေးဆေးတည်ငြိမ်လှသော သားဖြစ်သူရှောင်ကျန့်အား ကြည့်ရင်း...။

"အေးပါ သားလေး ဂရုလဲစိုက်ဦးနော်"

"စိတ်ချပါ မယ်မယ်ရဲ့ သားတော်က မိန်းကလေးမှမဟုတ်တာ..ဘာတွေစိတ်မချဖြစ်နေတာလဲ"

"မယ်မယ့် သားလေးက မိန်းကလေးမဟုတ်ပေမယ့် မိန်းကလေးတွေမယှဉ်နိုင်လောက်အောင်လှရက်နေတာကိုး...မယ်မယ်ကဘယ်စိတ်ချပါ့မလဲ..ပြီးတော့ သားလေးက အခုမှ အလုပ်စဝင်မှာဆိုတော့ အဆင်မပြေမှာစိုးလို့."

"ကယ် မယ်မယ်ရယ် သားတော်ကိုစိတ်ချပါ...နော်"

အေးချမ်းလှသော သားဖြစ်သူရဲ့အပြုံးလေးကြောင့် ယွိမေ တစ်ယောက် စိတ်ချမ်းသာရသည်။

ရှောင်ကျန့်ကတော့..မယ်မယ်ကိုနှုတ်ဆက်ပြီးထွက်သွားလေသည်။

ဒီနေ့ မြို့ထဲက တစ်နေရာမှာ ကလေးတွေကိုစာသင်ပေးရမယ့် အလုပ်ရတာဖြစ်သောကြောင့် ရှောင်ကျန့် စိတ်လှုပ်ရှားနေမိသည်။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now