အပိုင်း ၁၄

8.1K 727 26
                                    

Zawgyi

flashback..

ရိပေါ် ရှောင်ကျန့်ကိုပြန်ခေါ်လာကာ နန်းတော်ကို ပြန်ရောက်ရောက်ချင်း  သူ့ကို လမ်းမှာလုပ်ကြံသူတစ်ယောက်အားဖမ်းဆီးထားတဲ့ နေရာဆီသို့။

"အထဲမှာ ပါ မင်းကြီး"

ကျိုးချန်ပြောတော့ ရိပေါ် မဲ့ပြုံးတစ်ခုဖြင့် အချုပ်ခန်းထဲဝင်သွားလိုက်သည်။ဘယ်သူမှဝင်မလာရန်လဲမှာလိုက်သေးသည်။
သူ့လိုလူကို ထိရဲတာ နည်းတဲ့သတ္တိလား!

"ကယ် ဖြေပါဦး  ဘယ်သူခိုင်းတာလဲ"

တစ်ကိုယ်လုံးသွေးတွေရဲပလောင်းခတ်ကာ မျော့မျော့လေးသာရှိတော့တဲ့ သူကို ရိပေါ် မျက်ခုံးပင့်ကာမေးသည်။

"....."

ပြန်မဖြေလာတဲ့ အရှေ့က လူကို ရိပေါ် ကပြုံးပြသည်။ သို့သော် ထိုအပြုံးကကျောချမ်းစရာပင်။

ရိပေါ် အသင့်ဆောင်ထားတဲ့ ဓါးမျှောင်လေးကို ဆွဲထုတ်လိုက်ကာ ထိုလူရဲ့ ငယ်ပါကို ထောက်လိုက်သည်။
ထိုအခာ တုန်လှုပ်သွားတဲ့ ထိုလူက အသည်းအသန်တောင်းပန်တော့သည်။

"တောင်း...တောင်းပန်ပာတယ် မင်းကြီး ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပာ"

"ဒါဆို မင်းငါမေးနေတာဖြေလေ "

တိတ်ဆိတ်သွားတဲ့ ထိုလူကို ရိပေါ်ထပ်ပြီး စိတ်မရှည်နိုင်တော့တာကြောင့် ထိုလူရဲ့ငယ်ပါကို ထောက်ထားတဲ့ဓားအား လှုပ်ရှားလိုက်သည်။
သွေးများစွာထွက်လာပြီး စူးစူးရဲရဲအော်ကာ တောင်းပန်လာတဲ့ထိုလူ။

"အား!!!တောင်းပန်ပာတယ် မင်းကြီး ကျွန်တော်ဖြေပါ့မယ် "

"ဒီလိုမှပေါ့ "

ရိပေါ် ပြုံးရင်းသာပြောသည်။သေချာကြည့်ရင် ထိုအပြုံးတွေက အန္တာရယ်ရှိတယ်။

"ယွင်ရှန်း!"

"ဘာ...!"

"အမတ်ကြီး ယွင်ရဲ့သား ယွင်ရှန်း က ခိုင်းခဲ့တာပါ "

ရိပေါ် ခဏတာငြိမ်သက်သွားသည်။
ယွင်ရှန်း ကသူ့အပေါ်သစ္စာစောင့်သိတဲ့လူတစ်ယောက်ပါ ။ သူ့အပေါ်အဲ့လိုလုပ်မယ့်သူမျိုးမဟူတ်ဘူး ။ ဘယ်လိုအရာကများ သူ့ကို လုပ်ကြံချင်လောက်အောင်ယွင်ရှန်းအားနှိုးဆွပေးခဲ့တာလဲ ။

God-Given(ဘုရားပေးသော)[Complete]Onde histórias criam vida. Descubra agora