အပိုင်း ၁၉

6.2K 639 17
                                    

Zawgyi

ကျိုးချန် အမတ်ကြီးယွင်ရဲ့အိမ်တော်သို့သွားခဲ့သည် ။
သို့သော် ဘာ သဲလွန်စမှမရတဲ့အပြင် ယွင်ရှန်းပျောက်နေတဲ့အကြောင်းသာပြောလာသည် ။
အမတ်ကြီးယွင်နဲ့သူ့ဇနီးရဲ့ပုံကလည်းအတော်ပူပန်နေပုံ ။
ဒာကြောင့်သူလဲဆက်မမေးမိတော့ .. ဘာလို့ဆို ယွင်ရှန်းကို ဖမ်းဆီးခဲ့တာ သူတို့မသိ ။ အဲ့ထဲက ပျော်နေတယ်ဟုသာ ပြောသည် ။

ကျိုးချန် လက်မလျှော့သေးပါ ။ ဆက်၍သာစုံစမ်းဦးမည် ။ သေချာပေါက် ကြင်ယာတော်ရှောင်းကိုခေါ်သွားတာ,ယွင်ရှန်းပင်ဖြစ်လိမ့်မည် ။

-------------------------------------------------

ယွင်ရှန်း အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာ တစောင်းလှဲနေသူကိုတွေ့သည် ။ စားပွဲပေါ်က စားတော်ပွဲတွေ ပုံမပျက်ပုံအရ ရှောင်ကျန့် ဘာမှမစားရသေးတဲ့ပုံပင် ။

"ရှောင်ကျန့်!"

"......."

"မင်းမအိပ်ဘူးဆိုတာ ငါသိပာတယ် .. တစ်ခုခုကို ဝင်အောင်စားလိုက်ပါ မင်းမနေ့ထဲက ဘာမှမစားရသေးဘူးမလား"

"......"

"ရှောင်ကျန့်... မင်းခေါင်းမမာပါနဲ့ကွာ "

"......."

"ရှောင်ကျန့်!"

သူကသာစကားတွေအများကြီးပြောနေပေမယ့် တုံ့တုံ့မျှမလှုပ်လာသူကြောင့် ယွင်ရှန်းအနားသွားကာ ခန္တာကိုယ်သေးသေးလေးအား ဆွဲထူကာ သူ့နဲ့မျက်နှာချင်းဆိုင်စေလိုက်သည် ။

ထိုအခာကြတော့ ရှောင်ကျန့်က ရုန်းရင်း။

"ငါ့ကိုလွှတ်..!.. မင်းငာ့အသားကိုမထိနဲ့ "

"ငြိမ်ငြိမ်နေစမ်း ကျန့် အခုလိုတွေလုပ်နေရတာ ကိုယ်မင်းကိုချစ်လို့ဆိုတာမင်းသိရဲ့လား ဟမ်!"

"မပြောနဲ့...ဘာမှမပြောနဲ့!!!"

ရှောင်ကျန့်ကပြောရင်း ရှိုက်ကြီးတငင်ငိုတော့သည် ။
ထိုအခာရှောင်ကျန့်လက်မောင်းပေါ်က ယွင်ရှန်းလက်တွေကတဖြည်းဖြည်းပြေလျှော့ကျလာသည် ။

"တောင်းပန်ပာတယ်... အခု..ထွက်သွားပေးပာ ... ငာတစ်ယောက်တည်းနေချင်တယ် "

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now