အပိုင်း ၂၅

6.3K 659 57
                                    

Zawgyi

"အရှင်"

ရှောင်ကျန့် သူ့ဝတ်ရုံအပါးလေးကို ဆွဲချွတ်လာတဲ့ ရိပေါ်လက်တွေကို လှမ်းတားလိုက်သည်။

"အရှင် ဒါဘာလုပ်မလို့ပါလဲ"

"ဒီလောက်အခြေအနေရောက်တာတောင် မင်းကမသိဘူးလား ရှောင်ကျန့် !"

ရိပေါ်ကပြောရင်း ရှောင်ကျန့်နှုတ်ခမ်းသားတွေဆွဲစုပ်ကာကိုက်ချလိုက်သည်။

"အ.....အရှင် ! "

ရှောင်ကျန့် အသံနည်းနည်းကျယ်သွားတာကြောင့် ရိပေါ် လှုပ်ရှားမှုတွေငြိမ်သွားသည်။

"အရှင် ... ကျွန်တော် တောင်းပန်ပါတယ်.... အရှင်ကျွန်တော့်ကိုမုန်းနေတာတော့သိပေမယ့်..ဖြေလျော့ဖို့အတွက်နဲ့တော့ ကျွန်တော့်ကိုအသုံးမချပါနဲ့ အရှင်လိုချင်ရင် အရှင် ချစ်တဲ့ ချွင်မိဖုရားရှိတာပဲ...ကျွန်တော့်ကို ဘာကိစ္စအခုလိုလုပ်နေတာလဲ ... "

ရှောင်ကျန့် စကားတွေကြောင့် ရိပေါ်ငြိမ်ကျသွားသည်။ သို့ပေမယ့် ရှောင်ကျန့် ကိုယ်ပေါ်တော့အုပ်မိုးထားဆဲ ။

ရိပေါ်လည်း သူ့ကိုယ်သူနားမလည်နိုင်ပါ ။ သူရှောင်ကျန့်ကိုအရမ်းမုန်းနေခဲ့တာမဟူတ်လား... ။ ဘာကြောင့်လဲ..
ဘာကြောင့်ထူးထူးဆန်းဆန်းတွေခံစားနေရတာလဲ ။ စောစောက ချွင်မေလျန် အင်္ကျီတွေချွတ်ပြတာတောင် ဘာမှမဖြစ်တဲ့သူက အခု ရှောင်ကျန့်ကိုမြင်တော့ ဘာကြောင့်လိုချင်လာရတာလဲ။ သူရှောင်ကျန့်ကိုမချစ်ပါဘူး ဒါဆို ဘာလို့အခုလိုတွေဖြစ်နေရတာလဲ။

"ဒါကဘယ်လိုတွေဖြစ်နေရတာလဲ"

တံခါးကိုဆွဲဖွင့်ကာဝင်လာပြီးပြောသူကြောင့် ။

"ဟင်...မေလျန် ! "

"ဟက်..အံ့သြသွားတာလား အသိမပေးပဲဝင်လာခဲ့လို့တောင်းပန်ပါတယ် ဒာပေမယ့် ထင်တဲ့အတိုင်းပဲနော်"

ပြောပြီး မျက်ရည်တွေဝေ့သီကာ ထွက်သွားတဲ့မေလျန်က အများအမြင်တော့ သနားစရာပေါ့ ။ ဒာပေမယ့် သူမ အတွေးထဲမှာရှိတဲ့အရာကို ဘယ်သူမှမမြင်နိုင်။

ရိပေါ် တုန့်တုန့်မျှမလှုပ်သေး။
အမှန်ဆို မေလျန်ဝင်လာပြီး အထင်လွဲသွားတာကိုသူငြင်းပြီး ရှင်းပြရမှာမဟုတ်လား ။
ဒာပေမယ့် သူမရှင်းပြချင်ဘူး ဘာလို့ဆိုအထင်လွဲတာမဟုတ်လို့ ။ သူစိတ်ရှုပ်နေတယ် ။ ခံစားချက်တွေရောထွေးနေတယ် ။ သူ့အောက်မှာဖိထားတဲ့ထိုလူသားကို သူမလွှတ်ချင်။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now