Love is waiting 💙one short 💖

7K 534 14
                                    

Zawgyi

ကားတွေတဝှီးဝှီး သွားနေတဲ့လမ်းမကြီးရဲ့ဘေး.....လေတဖြူးဖြူးတိုက်ခတ်နေတဲ့ လူသွားလမ်းလေး...လေအဝှေ့မှာ ကြွေကျလာတဲ့ ချယ်ရီပွင့်ဖက်လေးတွေကို တယုတယ လိုက်ဖမ်းနေတဲ့ ကောင်လေးတစ်ယောက်....ပြီးတော့.ထိုကောင်လေးအား တယုတယကျောပေါ်တင်ထားတဲ့ ကောင်လေးတစ်ယောက်...။

ဒီလိုမျိုးလေး...ထပ်ပြီးတော့..နေလို့ရသေးရင်ကောင်းမှာပဲ....။ဟင့်အင်း..မတွေးချင်တော့ဘူး...ဒီအချိန်လေးအတွင်းမှာတော့...အားလုံးကိုမေ့ပြီးချစ်ရသူနဲ့ ပျော်ပါးချင်တယ်။

“ညောင်းနေပြီလား ဝမ်လေး”

သူ့ကိုကျောပိုးပြီး လမ်းလျှောက်လာတာ ၁နာရီလောက်ရှိနေပြီမို့..ချစ်ရသူကိုအားနာလာတာကြောင့် မေးလိုက်တော့..ပြုံးပြုံးလေးပြန်ပြောလာတဲ့ကောင်လေး...။

“ဟင့်အင်း..မညောင်းဘူးကော”

ဖြစ်နိုင်ရင်  နောင်ထပ်လာမယ့်နေ့ရက်တိုင်းမှာ..ကောနဲ့အတူရှိနေချင်သေးတာ..
ကောကိုဒီလိုမျိုး ကျောပိုးထားချင်သေးတာ...။မဖြစ်နိုင်တဲ့ ကံကြမ္မာကြီးက ကျနော့်ကိုလှောင်ရယ်နေသလိုပဲ..။

မသေချာတော့မယ့်..မနက်ဖြန်တိုင်းမှာ ကော မင်းနဲ့အတူတူရှိနေချင်သေးတယ် ဝမ်လေး..။ဒါပေမယ့်...ကံတရားက ရက်စက်တယ်။

မျက်နှာချင်းဆိုင်မဟုတ်ပါပဲ. အတွေးချင်းတူနေတဲ့ ချစ်သူနှစ်ယောက်က  ကျလာတဲ့မျက်ရည်တွေကို လူမသိ သူမသိခိုးသုတ်နေကြပြန်တယ်..။

“ကော ဆင်းတော့မယ် ဝမ်လေး”

“ကျနော် ရပါတယ်ကောရဲ့”

“ဟင့်အင်း...ကော လမ်းလျှောက်ချင်လို့”

တောင်းဆိုသလို ပြောလာတဲ့ မြတ်နိုးရသူကို ကျောပေါ်ကနေချပေးလိုက်သည်။

“ကျနော်တို့ ရုပ်ရှင်သွားကြည့်ကြရအောင် ကော”

စကားအဆုံးမှာ ခေါင်း တဆက်ဆက် ငြိမ့်လာတဲ့သူလေး.....။
မြတ်နိုးရသူကောရဲ့ လက်သွယ်သွယ်လေးတွေကို ဆုပ်ကိုင်ကာ..ရပ်လာတဲ့busကားပေါ်တတ်လိုက်သည်။
ပြတင်းပေါက် ရှိတဲ့ဘက်မှာ ကောကိုထိုင်ခိုင်းပြီး သူကဘေးကဝင်ထိုင်လိုက်သည်။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now