အပိုင်း ၁၂

9.8K 963 19
                                    

Zawgyi

"အူဝဲ အူဝဲ"

"မွေးပြီတော်...ယောက်ျားလေး"

အထဲက သမားတော်ရဲ့အော်သံကြောင့်..ရှောင်ပါး ဝမ်းသာလွန်းလို့မျက်ရည်ကျလာသည်။
အထဲတွင်လည်း...ရှောင်ကျန့်..ခမျာနှုတ်ခမ်းတွေတောင်ဖြူလျော့ကုန်ပြီ။
ယွိမေ သားဖြစ်သူလက်ကိုဆုပ်ကိုင်ကာ။

"သားလေး အဆင်ပြေသွားပြီနော်.."

"ဟုတ်ကဲ့မယ်တော်...သားရဲ့ သားတော်လေးရော.."

"ဒီမှာပါရှင်.."

သမားတော် ကပြောပြီး ကလေးလေးအား ရှောင်ကျန့်ဘေးတွင်ချပေးသည်။

ရှောင်ကျန့် မျက်နှာထက်အလိုလိုအပြုံးလေးများပေါ်လာသည်။

"သားတော်လေးက ဝမ်လေးနဲ့တူတယ်နော် မယ်တော်"

"အင်း ဟုတ်ပါ့ ဒါပေမယ့် မှဲ့ပါတဲ့နေရာလေးကတော့..မယ်တော့်သားကျန့်လေးနဲ့တူတယ်ရော် ကြည့်ပါဦး"

ရှောင်ကျန့် ကြည့်ပြီး အားရပါးရပြုံးလိုက်သည်။

"ဟီး ဟုတ်တယ်နော် မယ်တော်"

"အင်း...ဒါဆို သားကျန့်လေးနားလိုက်ဦးလေ.."

"ဟုတ် မယ်တော်"

ယွိမေထွက်သွားတော့ ရှောင်ပါးက...

"ရှင်မ..ကလေး..ရော သားရော ကျန်းမာတယ်မလား"

"ဒါပေါ့ရှင်..ကျမသားလေးပဲဟာ"

ယွိမေတစ်ယောက် ရယ်မောကာပြောတော့ ရှောင်ပါး ပြုံးကာပင်။

"ကိုယ် အထဲဝင်ကြည့်လို့ရတယ်မလား"

"အင်း ရတာပေါ့"

ရှောင်ပါးချက်ချင်းပင် သားဖြစ်သူအခန်းထဲဝင်သွားသည်။

"သား"

"ခမည်းတော်"

ရှောင်ပါး ..ရှောင်ကျန့်ကုတင်ဘေးနားဝင်ထိုင်ကာ...။

"အားလုံးအဆင်ပြေတယ်မလား"

"အင်း....သားအရမ်းပျော်တယ် ခမည်းတော်"

"ဟုတ်ပါပြီ "

"ဒါနဲ့...ခမည်းတော်...ဝမ်လေး သတင်းရသေးလား ဘယ်ရောက်နေပြီတဲ့လဲ ဘယ်တော့ပြန်လာမှာလဲ"

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now