အပိုင်း ၉

11.3K 994 40
                                    

Zawgyi

ရိပေါ် ရှောင်ကျန့်စိတ်ထိခိုက်မှာစိုး၍ စိတ်တိုင်းကျ ထွက်သွားပေးသည်။
လမ်းမှာ ကျန်းမင်းသမီးရင်းအာက သူသွားနေတဲ့လမ်းကိုပိတ်ရပ်လာတာကြောင့် ....

"အခု ဘာလုပ်တာပါလဲ မင်းသမီး"

"အရှင်ကလည်း ဘာတွေစိတ်တိုင်းမကျဖြစ်လာတာလဲ မျက်မှောင်ကြီးကလဲကျုံလို့"

ပြောရင်း သူ့မျက်နှာပေါ်လှမ်းလာတဲ့ ကျန်းရင်းအာရဲ့လက်တွေကို ပုတ်ထုတ်လိုက်သည်။
ကျန်းမင်းသမီး မျက်နှာပျက်သွားသည်။
သူမတတ်နိုင်။
ကောကိစ္စကြောင့် စိတ်မကြည်ပါဘူးဆိုကာမှ။

"တောင်းပန်ပါတယ် မင်းသမီး..အသားထိတာကိုမကြိုက်လို့ပါ.."

"အာ....ရပါတယ်...ကျမက မဆင်မခြင်လုပ်မိတာပါ အရှင်...."

ထိုစဉ် ပြေးလာသော ရှောင်ကျန့်ကို နောက်ကျောပေးထားတဲ့ရိပေါ်ကမမြင်ပေမယ့်...ကျန်းမင်းသမီးကမျက်နှာချင်းဆိုင်မြင်လိုက်တာကြောင့် အကြံတစ်ခုရသွားသည်။
သူကြားတာတော့ ဝမ်မင်းကြီးက ယောက်ျားလေးကြင်ယာတော်ကိုယူထားတယ်ဆိုပဲ။ပြီးတော့ ကိုယ်ဝန်လဲဆောင်နိုင်တဲ့ယောက်ျားသား။ဝမ်မင်းကြီးက ဘာလို့ သူ့လိုယောက်ျားသားကိုလက်ဆက်ထားလဲ သူသိပြီထင်တယ်...။
ဒါပေမယ့်....စိတ်ထဲဘာလို့ မတင်မကျဖြစ်နေပါလိမ့်။မကျေနပ်ဘူး သူ့လိုလှတဲ့ မိန်းကလေးကိုကြတော့ အသားတောင်အထိမခံပဲ ဒီလိုယောက်ျားလေးတစ်ယောက်ကိုတော့ ......။

"အ...."

ရုတ်တရက်အမူပိုကာ လှဲချလိုက်တော့ ရိပေါ်လည်း လှမ်းဆွဲလိုက်ရာ ထိုအခြေအနေကိုအခွင့်ကောင်းယူပြီး ရိပေါ် ပုခုံးကနေ ကိုင်ကာ နှုတ်ခမ်းချင်းပူးကပ်လိုက်သည်။

သူမြင်တယ် ရှောင်ကျန့် ပြန်ထွက်ပြေးသွားတာကို။သူမကျေနပ်တယ်။

ရိပေါ်  ကျန်းမင်းသမီးရင်းအာကို တွန်းလိုက်ကာ.....။

"အပြုအမူကရိုင်းလွန်းပါတယ် မင်းသမီး..."

ရိပေါ် ဒေါသမဖြစ်ချင်တာကြောင့် ထွက်သွားလိုက်တော့သည်။

ရှောင်ကျန့်....သူ့ကိုစီစဉ်ပေးထားတဲ့ အဆောင်ထဲရောက်မှ ကုတင်ပေါ်ထိုင်ချကာ ငိုလိုက်တော့သည်။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now