အပိုင်း ၂

16.1K 1.3K 94
                                    

Zawgyi

"သား ကျန့်ကျန့် ပြန်လာပြီလား"

"......."

ဖြေသံမကြားတာကြောင့် ယွိမေ ရှောင်ကျန့်အနားသွားကာ ....။

"သားလေး ဘာဖြစ်လာတာလဲ စိတ်နဲ့လူနဲ့မကပ်သလိုပဲ"

"မယ်မယ်"

"ဟင် ပြောလေ သားလေး"

"သား ဒီနေ့ မင်းကြီးနဲ့တွေ့ခဲ့တယ်"

"ဟမ် ဘယ်လို!!"

ရှောင်ကျန့် ဖြစ်ကြောင်းကုန်ဆင်ပြောပြလိုက်တော့....။

"ဟင်းးးးးငါ့သားလေးကတော့ ပထမဆုံးအပြင်ထွက်တဲ့နေ့မှာကံဆိုးတာလားကံကောင်းတာလားပဲ...."

"သား လက်ခံလိုက်တယ် မယ်မယ် မဟုတ်ရင်....."

"အင်းပါ သားလက်ခံလိုက်တာမှန်ပါတယ် မင်းကြီး အမိန့်ကိုလွန်ဆန်လို့မှမရဘဲ"

"ဒါပေမယ့် ပါးပါး...."

"သားပါးပါးကို မယ်မယ့်တာဝန်ထား ဟုတ်ပြီလား"

"ကျေးဇူးပါမယ်မယ်"

ရှောင်ကျန့် ယွိမေရင်ခွင်ထဲတိုးဝင်မိသည်။

၂၇နှစ်အရွယ် ရှောင်ကျန့် က ယွိမေအတွက်တော့ ကလေးလေးပါပဲ။

ငယ်ငယ်ထဲက သူများနဲ့မတူတဲ့ ထူးခြားတဲ့ ကလေးဖြစ်လို့ ပိုးဥသလိုဥပြီး အပြင်တောင်မထွက်ခိုင်းခဲ့တာ....အခုတော့ ကံကြမ္မာပဲပေါ့...။

(A/N_သူများနဲ့မတူ ထူးခြားတယ်တဲ့နော် ဘာပါလိမ့်💁)

🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰

ရှောင်ကျန့် နန်းတော်အတွင်း ဝင်လာတော့.......မှူးမတ်တစ်ယောက်နှင့်တိုက်မိသည်။

"အ"

"အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်"

"ဒါနဲ့ မင်းက..."

ရှောင်ကျန့် ဦးညွှတ်ကာ....

"ကျနော့်နာမည် ရှောင်းရှောင်ကျန့်ပါ အရှင်မင်းကြီးက အခေါ်တော်လွှတ်ထားလို့.မင်းသားလေးကို စာသင်ဖို့အတွက်"

"အာ  ... ဆရာလေးကို"

"ဟုတ်ပါတယ်ဗျ"

"အာ့ဆို ကျနော်နဲ့လိုက်ခဲ့လေ မင်းသားလေးဆီခေါ်ဆောင်ပေးပါ့မယ်"

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now