အပိုင်း ၁၁

10.4K 919 44
                                    

Zawgyi

ယွင်ရှန်းခေါ်လာတဲ့နေရာကိုရောက်တော့ ။

"ဝါး.....ဒါက ဘယ်နေရာလဲ"

ပန်းတွေအလယ်ကရေကန်ကြီးနှင့် ရေတံခွန်ကြီးက အရမ်းလှနေသည်။

"အင်း...ကြိုက်လား"

"ကြိုက်တယ်...ကျေးဇူးပာ ယွင်ရှန်း"

"မခံယူဝံ့ပါဘူးကြင်ယာတော် "

"ယွင်ရှန်း"

"အမိန့်ရှိပာ "

"ငါကငယ်ငယ်လေးထဲက အပြင်မထွက်ဖူးဘူး ထွက်မိတော့လည်း ဘာမှမသိလိုက်ရခင်မှာ ဘုရင့်ကြင်ယာတော်ဖြစ်လာတယ် ..ငါတွေးခဲ့သေးတယ် ငါ့လိုယောက်ျားလေးတစ်ယောက်ကိုဝမ်လေးက ဘာလို့လက်ဆက်ခဲ့တာလဲပေါ့... .. မကြာခင်သိလိုက်ရတာက ငာကသားအိမ်ပာတယ်တဲ့..အခုဆို ဝမ်လေးရဲ့ရင်သွင်းလေးကိုလွယ်ထားရပြီ..အစကတော့ ဝမ်လေးက ငါ့ကိုမချစ်ဘူးလို့ထင်ခဲ့ဖူးတယ်...ဒာပေမယ့် ဝမ်လေးရဲ့ကြင်နာမှုတွေက အဲ့အတွေးတွေကိုဖျောက်ပစ်ခဲ့တယ်.... အခုတော့ ငာ ဝမ်လေးကိုချစ်တယ်"

"ဒါတွေကို ဘာလို့ကျွန်တော့်ကိုပြောပြရတာလဲ "

ထိုအခာ ရှောင်ကျန့်က ယွင်ရှန်းဘက်လှည့်ကာ ။

"ငါတို့သူငယ်ချင်းလုပ်ရအောင်"

"ဗျာ!!!"

"အင်း...ငာမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ် .."

"ဒာပေမယ့် မသင့်တော်ပာဘူး"

"မသင့်တော်တာမရှိပာဘူး "

"......"

"မင်းက ငာ့ရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ပေးပာလား"

ထိုစကားကြောင့် ယွင်ရှန်းစဉ်းစားမိသည်။
သူငယ်ချင်းအနေနဲ့လည်း ရှောင်ကျန့်
နဲ့နီးစပ်အောင် ကြိုးစားလို့ရတာပဲ။

"အင်း...သူငယ်ချင်း လုပ်ကြမယ်"

ယွင်ရှန်းပြန်ပြောတော့ ရှောင်ကျန့် ကနှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။

"ကျေးဇူးပာ ယွင်ရှန်း"

"မှန်လှပာ"

"အာ...သူငယ်ချင်းဆိုတာ ရင်းရင်းနှီးနှီးသုံးနှုန်းရတယ် အခုကစပြီး ပော့ပော့ပားပားပဲပြောဆိုကြမယ်"

God-Given(ဘုရားပေးသော)[Complete]Onde histórias criam vida. Descubra agora