အပိုင်း ၂၂

6.2K 656 36
                                    

Zawgyi

ရှောင်ကျန့် မျက်လုံးတွေကို ဖွင့်ဖွင့်ချင်းပင် သူ့ဆုတောင်းတွေကပြည့်ဝသွားခဲ့သည် ။
သူ့အရှေ့မှာရှိနေသည်က ဝမ်လေး !
ဒာပေမယ့် နှုတ်ခမ်းနှစ်ခုခုကိုတင်းတင်းစေ့ပြီး သူ့ကိုမျက်မှောင်ကြုံ့ကာကြည့်နေသောကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသည် ။

"မင်း နိုးလာပြီလား ရှောင်ကျန့် ! "

သူ့ဘက်ကမပြောခင် ဝမ်လေးဘက်ကစပြောလာတဲ့ စကားစိမ်းစိမ်းကားကားတွေကြောင့် ရှောင်ကျန့် ရင်ထဲဝမ်းနည်းလာသည် ။
သူလှဲလျှောင်းနေရာကနေ အတင်းထကာ ။

"ဝမ်လေး ! ကောကိုဘယ်လိုတွေပြောနေတာလဲဟင် "

ရှောင်ကျန့် မျက်နှာငယ်လေးနဲ့ပြောတော့ ဝမ်လေး ! က ခပ်ကျယ်ကျယ်လှောင်ရယ်လိုက်သည်။

"ဟားဟား ဝမ်လေး? ကော ? ဟုတ်လား ? မင်း မေ့လဲပြီး ဦးနှောင်ပါမကောင်းတော့တာလား ဟမ် ! ငါက ဝမ်လေးလဲမဟုတ်သလို မင်းကလဲ ငါ့ထက်၎နှစ်ငယ်တယ် ဟက် "

စကားပြောပြီး ပျောက်ကွယ်သွားတဲ့အပြုံးတွေနဲ့အတူ မျက်နှာထက် အေးစက်မှုကနေရာဝင်ယူလာသည်။

"ဘာတွေပြောနေတာလဲ ဝမ်လေးရဲ့ ကောကိုမမတ်မိဘးလား ကောလေ ဝမ်လေးရဲ့ကော "

"မင်းပါးစပ်ကိုပိတ်ထားစမ်း ! ငါပြောတာကိုနားမလည်တာလား ! ငါမင်းထက်ကြီးတယ်လို့ပြောနေတယ်မလား ပြီးတော့ မင်းအနေနဲ့ဘယ်လိုပင်မိဖုရားခေါင်ကြီးဖြစ်နေပါစေ ငါ့လိုဘုရင်တစ်ယောက်ကိုအခုလိုရင်းရင်းနှီးနှီးသုံးခွင့်မရှိဘုး အဲ့တာကိုမင်းမှတ်ထား ရှောင်ကျန့် ! "

ထို့သို့ဒေါသတကြီးပြောကာ ထွက်သွားသော ကျောပြင်ကိုကြည့်ရင်း ရှောင်ကျန့်နှလုံးသားလေးကနာကျင်လာသည်။
ဒါက ဘာအခြေအနေကြီးလဲ ။

သူ..သူ.က မိဖုရားခေါင်ကြီးတဲ့လား ပြီးတော့ ဝမ်လေးကသူ့ထက်၎နှစ်ကြီးတယ်ဆိုပါလား ။ မဖြစ်နိုင်ဘူးလေ ။

ရှောင်ကျန့်အခြေအနေအရပ်ရပ်ကိုနားမလည်ပေမယ့် သူ့အပေါ်အေးအေးစက်စက်နဲ့ရက်စက်စွာဆက်ဆံသွားတဲ့ဝမ်လေးကြောင့် မျက်ရည်တို့ကကျလာရသည် ။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now