🚨အပိုင်း ၇🚨

16.4K 1K 30
                                    

Zawgyi

နန်းတော်သို့ ပြန်ရောက်သောအခါ...ရိပေါ်အား အမတ်ကြီးယွင် က အရမ်းကိုကျေးဇူးတင်နေလေသည်။
ထို့နောက် ရိပေါ်ကိုထောက်ခံလာသည်။
ယွင်ရှန်း ကလည်း မင်းကြီးအပေါ်၌ သစ္စာဆိုသည်။မင်းကြီးကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ပေါ့...။

ရိပေါ် ဟာဆင်းရဲသား ပြည်သူတွေကိုလည်းကူညီသလို.....အစစအရာရာ တာဝန်ယူပေးသည်။
ထို့အတူ ရှောင်ကျန့်မှာလည်း မင်းကြီးနဲ့အတူ ပါရမီဖြည့်ဖက်ပေါ့..။
ဒီလိုနဲ့ တစ်ဖြည်းဖြည်း...ရိပေါ်ကိုအရင်က ဘုရင်အဖြစ်လက်မခံချင်တဲ့ပြည်သူဆိုတာလည်း ယခုများတော့ ရိပေါ်မှရိပေါ်ပင်။
ယခင်က ယောက်ျားလေးကြင်ယာတော်ယူထားလို့ မကျေနပ်တဲ့ ပြည်သူတွေလဲမရှိသလောက်ပင်...။

အခုထိတော့ အရာအားလုံးအဆင်ပြေပါသည်။

"ကော..."

အဆောင်ပြတင်းပေါက်နားမှာရပ်နေရင်း အနောက်ကနေ ပွေ့ဖက်လာသူကြောင့် ရှောင်ကျန့်..ပြုံးမိသည်။

"ဘာဖြစ်လာလို့လဲ ဝမ်လေးရဲ့"

"ဟင်း....ပင်ပန်းတယ်..ကော..."

ရှောင်ကျန့် ရိပေါ်ဘက်ကိုလှည့်ကာ...ခေါင်းလေးကိုအသာပုတ်ပေးရင်း...

"ကောရဲ့ဝမ်လေး အရမ်းပင်ပန်းနေမှာပဲ"

"ဒါပေါ့လို့..အာ..ဒါနဲ့.. မနက်ဖြန်ကြရင် ကျန်းနိုင်ငံက မင်းကြီးနဲ့ မင်းသားတွေနဲ့မင်းသမီးတွေ ဒီကို ချစ်ကြည်ရေးယူဖို့လာကြလိမ့်မယ်"

".ဟင်.."

ချစ်ကြည်ရေးယူဖို့ဆိုတော့ ရိပေါ်ကို သူ့သမီးတော်နဲ့လက်ဆပ်ပေးဖို့ပဲမလား...။
ဒါဆို..ဝမ်လေးက မိဖုရားရှိလာတော့မှာပေါ့..ပြီးတော့..နန်းဆက်လေးတွေရလာမယ်...အဲ့ကြ...အဲ့ကြရင်...ငါ...ငါက..

ရိပေါ် ရုတ်တရက်ကြီး ခေါင်းငုပ်သွားသူကြောင့် မျက်နှာလေးကိုမော့စေတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

"ကော....ဘာလို့ ငိုနေတာလဲ"

ရိပေါ် ရှောင်ကျန့်အားသူ့ရင်ခွင်ထဲထည့်ထားလိုက်တော့မှ ပိုတိုးလို့တုန်ရီလာတဲ့ ရှောင်ကျန့်ကြောင့် စိတ်တွေပူလာရသည်။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now