အပိုင်း ၂၆

6.5K 705 109
                                    

Zawgyi

ဝမ်ရိပေါ် ပွဲထဲမှာ စိတ်ကျဉ်းကြပ်လာတာကြောင့် .. ဥယျာဉ်ဘက်သွားရန်ဆုံးဖြတ်လိုက်သည်။

ဥယျာဉ်နားကိုရောက်တော့.. လန်မင်းသားနဲ့ ရှောင်ကျန့်အားတွေ့သည်။
ရိပေါ် မျက်ခုံးတွေက အလိုမကျသလိုတွန့်ချိုးသွားသည်။
ရှောင်ကျန့်..! ဘယ်လိုစကားတွေပြောနေတာမို့လို့ အဲ့လောက်ပြုံးနေတာလဲ..။

အလိုမကျမှုတွေနဲ့ တစ်ယောက်တည်းရေရွတ်နေတုန်း...လန်မင်းသားက ရှောင်ကျန့် မျက်နှာနားတိုးသွားပြီး နှုတ်ခမ်းနှစ်ခုအားထိကပ်ရန်ကြိုးစားပုံကြောင့် ရိပေါ် .. အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

"ရှောင်ကျန့် ! "

ရှောင်ကျန့်လည်း ရိပေါ် အသံကြားမှ အခက်အခဲကလွတ်သွားသည့်နှယ် သက်ပြင်းချကာနေတော့သည်။

"အရှင် "

လန်မင်းသားကတော့...နှုတ်ခမ်းနှစ်ခုကိုတင်းတင်းစေ့ပြီး မကျေနပ်ပုံပေါ်နေသည်။

"မင်းကဒီမှာဘာလုပ်နေတာလဲ "

ရိပေါ်မေးတော့ ရှောင်ကျန့်က မဖြေပါ။ ဟုတ်တယ် သူရိပေါ်ကိုစကားမပြောချင်ဘူး ။

"ရှောင်ကျန့်...! "

ရိပေါ်အော်လိုက်တာကြောင့် ရှောင်ကျန့်ကိုယ်လေးကတစ်ချက်တုန်သွားသည်။
ထိုအခာရှောင်ကျန့်ဘေးနားက လန်မင်းသားကစကားဆိုလာသည်။

"မိဖုရားခေါင်ကြီးက လေကောင်းလေသန့်လာရှူရှိုက်တာဖြစ်ပါလိမ့်မယ်မင်းကြီး.. ကျွန်တော်လဲ ဒီနေရာကို အမှတ်မထင်ရောက်လာရင်း..မိဖုရားခေါင်ကြီးနဲ့ စကားအနည်းငယ်ပြောမိတာပါ "

"ဟား ဟား "

ရိပေါ် ရုတ်တရက်ထရယ်တာကြောင့် လန်မင်းသားကတော့မသိ ရှောင်ကျန့်ကတော့ ကြက်သီးတွေပင်ထလာရသည်။

"လန်မင်းသား..ကို မေးမိလို့လား "

ရိပေါ်ကမျက်ခုံးတွေကို ပင့်ရင်းပြောသည်။

"ဒာပေမယ့်......"

"တောင်းပန်ပါတယ် အရှင်.. မပြောမဆိုဘဲ အပြင်ထွက်မိလို့.. တကယ်ဆို ကျွန်တော့်ကိုအရှင်က အစထဲကဂရုမထားတာမို့ ကျွန်တော်လဲ ခွင့်မတောင်းဘဲ ထွက်ခဲ့မိတာပါ...ပြီးတော့ လန်မင်းသား နဲ့လည်း ကျွန်တော်က စကားပြောချင်ခဲ့တာပါ...သူက ကျွန်တော့်အတွက် အဖော်ကောင်း ...အ.."

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now