အပိုင်း ၂၃

6K 657 47
                                    

Zawgyi

"ရှောင်ကျန့် ! "

အိပ်ပျော်နေရင်း သူ့နာမည်ကို ခေါ်သံကြားတာကြောင့် ရှောင်ကျန့်ထကြည့်လိုက်သည်။

"ဟင် ... မင်းပါလား ! "

"အင်း"

ရှောင်ကျန့်ချက်ချင်းပင် သူနဲ့ရုပ်ချင်းတူတဲ့သူဆီသွားကာ။

"မင်း ငါ့ကိုဘာလို့အတိတ်ဆီပို့လိုက်တာလဲ ဟင့်အင်း ငါပြန်ချင်တယ် ငါ့ဝမ်လေးနဲ့ရိကျန့်လေးဆီပြန်ချင်တယ် ဖြစ်ပျက်ပြီးတဲ့နာကျင်စရာအတိတ်တစ်ခုမှာ ငါမနေခဲ့ချင်ဘူး ။ ငါ့ကိုပြန်ပို့ပေးပါနော်"

ရှောင်ကျန့် တောင်းပန်ကာပြောမိတော့ အရှေ့ကလူကသက်ပြင်းချသည်။

"ရှောင်ကျန့်ရာ...ဒါမင်းအတွက်အခွင့်အရေးတစ်ခုပါ အတိတ်ဆိုးကိုပြင်ဆင်ဖို့မင်းအတွက်အခွင့်အရေး"

"ဟမ်? ငါ..ငါနားမလည်ဘူး"

"ဒီမှာ ရှောင်ကျန့် အတိတ်မှာ ငါကဝမ်ရိပေါ်ကိုချစ်ခဲ့တယ် ... ဒာပေမယ့် ဝမ်ရိပေါ်က သူ့မိဖုရားချွင်မေလျန်ဆိုသူကိုသာမျက်လုံးရှိခဲ့တာ ဒါ့အပြင် ချွင်မေလျန်ရဲ့ မျက်နှာတစ်ခြမ်းကိုလဲသူမမြင်ခဲ့ရဘူး သူငါ့အပေါ်ရက်စက်ခဲ့တယ် ရှောင်ကျန့် သူက ငါ့ကို ကောက်ကျစ်တဲ့မိဖုရားခေါင်အဖြစ်ပဲမြင်ခဲ့တာ ။ သူ့ကိုချစ်တဲ့သူအဖြစ်မမြင်နိုင်ခဲ့ဘူး ။ အဲ့တော့ ငါမှားခဲ့တယ် အဲ့အမှားတစ်ခုကြောင့်နဲ့ ရိပေါ်က ငါ့အပေါ်အရင်ကထက်ပိုခါးသီးလာတယ် ။ ငါသု့ကိုဘယ်လောက်ချစ်ချစ် သူကတော့အမုန်းတွေပဲပြန်ပေးတယ် ။ နောက်ဆုံးတော့ သူငါ့အပေါ် အရက်စက်ဆုံးလုပ်ရပ်တစ်ခုလုပ်ခဲ့တယ် ငါသူ့ကိုမုန်းသွားတယ် အင်း ဒါကသူစီစဉ်ခဲ့တာ အဆုံးသတ်မှာတော့ ဝမ်ရိပေါ်ကသူ့ရဲ့ ချွင်မေလျန်စကားကိုယုံပြီး ငါ့ကိုသေမိန့်ပေးခဲ့တယ် ငါကျိန်စာတိုက်ခဲ့တာရှောင်ကျန့် ငါကြိုးဆွဲမချမှီကျိန်စာတိုက်ခဲ့တာ ...... ဘာကျိန်စာလဲတော့မမေးပါနဲ့ ငါသူ့ကိုအရမ်းစိတ်နာခဲ့တာမို့... ဒာပေမယ့် အခုဘဝမှာ ငါကျိန်ခဲ့တဲ့ကျိန်စာက မင်းဆီကျရောက်လာပြီ အဲ့တာကြောင့် ပြင်ဆင်လိုက်ပါ ဒီအတိတ်ဆိုးကို ပြန်ပြင်လိုက်ပါ ဝမ်ရိပေါ်ကိုမမုန်းမိအောင်ကြိုးစားပါ ခက်ခဲလိမ့်မယ်ဆိုပေမယ့် ဒီလိုမှမဟုတ်ရင် ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်ဆိုတာ ဘဝအဆက်ဆက်ပေါင်းဖက်ရလိမ့်မည်မဟုတ်ဘူး "

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now