အပိုင်း ၁၆

6.8K 649 20
                                    

Zawgyi

" ရိကျန့်လေးမရှိတော့ရင် ကောဘယ်လိုလုပ်မလဲဟင် "

ရိပေါ် မေးလိုက်တဲ့စကားကြောင့် ရှောင်ကျန့် လက်ထဲက ဆာကူရာပန်းလေးတွေက မြေပြင်ကိုတစ်ဖန်ပြန်ဆင်းရပြန်တယ် ။
ရှောင်ကျန့် အံ့သြတကြီးပင် ရိပေါ် ဘက်ကိုလှည့်ကာ ။

"ဘယ်လိုမေးလိုက်တာလဲ ဝမ်လေး ! ရိကျန့် လေးသာ မရှိတော့ရင် လို့ ဘာကြောင့်တွေးရတာလဲ ... ဟင် .. ပြောပာဦး ဝမ်လေးရဲ့ "

ရှောင်ကျန့် ကရိပေါ် အင်္ကျီလက်ကလေးကိုဆုပ်ကိုင်ရင်းမေးလာတယ်။

"စိတ်အေးအေးထားပာ ကော .. ကျွန်တော်က ဒီတိုင်း မေးကြည့်တာပာ .. "

"ဟင့်အင်း ဝမ်လေး ဒီလိုစကားမျိုး နောက်ထပ် မပြောမိပာစေနဲ့ ! ကော ရိကျန့်လေးကို ကောအသက်ထက်ပိုချစ်တယ် "

ထိုစကားကိုပြောပြီး ဝတ်ရုံ လေးကိုမရင်း ဒောသတကြီးထွက်သွားသူ ။
ရိပေါ် ဆက်သာထိုင်နေမိတယ် ။
ကောက သူဘာမှမပြောရသေးခင်ထဲက ... အဖြေပေးပြီးသွားပြီ ။ ဘယ်လိုလုပ်ရမလဲ ကောရယ် . ။ ကျွန်တော်..ကျွန်တော် ကရော .. ဘယ်လိုလုပ်ရမလဲ?

ရိပေါ်  အော်ပြောလိုက်ချင်ပေမယ့် စိတ်ကိုထိန်းချုပ်ကာ အာရုံတွေကိုစုစည်းလို့ ရှောင်ကျန့် နောက်ကိုသာ လိုက်သွားလိုက်သည်။

အပြန်တစ်လမ်းလုံး အရှေ့ကသွားနေတဲ့ ရှောင်ကျန့်ကလည်း စကားတစ်ခွန်းမှမပြောခဲ့သလို ...ရိပေါ်ကလည်း ချစ်ရသူရဲ့ကျောပြင်လေးကို 'တောင်းပန်ပာတယ် 'ဆိုတဲ့ အကြည့်တွေနဲ့ ငေးကြည့်ရင်း အနောက်ကနေလိုက်ပာလာတယ် ။

သူတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုက ဝမ်းနည်းစရာကောင်းလှတယ် ။

ပြန်ရောက်တော့ ... ရှောင်ကျန့် က ရိပေါ်ကို ဘာမှပြောမနေတော့ဘဲ ခုတင်ပေါ်ကိုသွားကာ လှဲနေလိုက်သည် ။

"ကော...ဘာမှမစားတော့ဘူးလား "

"မဆာဘူး "

ထိုသို့ပြောကာ ရိပေါ်ကိုကျောပေးပြီး ဘေးကိုလှည့်ကာအိပ်လိုက်တဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်လည်း သက်ပြင်းချကာ.. ရှောင်ကျန့် ဘေးနားကိုဝင်လှဲလိုက်သည် ။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now