အပိုင်း ၂၁

6.3K 633 25
                                    

Zawgyi

ပြေးထွက်သွားတဲ့ ကျောပြင်လေးကိုငေးကြည့်ရင်း ယွင်ရှန်း မဲ့ပြုံးတစ်ခုဆင်မြန်းလိုက်သည် ။
ရှောင်ကျန့်ထွက်ပြေးမယ်ဆိုတာသူကြိုတင်ခန့်မှန်းပြီးသား ။ ပြီးတော့ ချုံချီသောက်မြို့ဆိုတာ သူမျက်စိမှိတ်ပြီးသွားလို့ရတဲ့နေရာပင် ။ ရှောင်ကျန့်ပြေးသွားသည်ကိုမလိုက်ပါ ။ ဘာလို့ဆို ရှောင်ကျန့်ဘယ်ကိုရောက်သွားမယ်ဆိုတာသူသိနေလို့ ။

ရှောင်ကျန့်အနောက်ကနေမဟုတ်ဘဲ တစ်ခြားလမ်းကနေ တိတ်တိတ်လေးလိုက်လာခဲ့သည် ။
ဘုရားကျောင်းအပျက်ကြီးထဲပြေးဝင်သွားတဲ့ ရှောင်ကျန့်ကိုကြည့်ရင်း သူပြုံးလိုက်သည် ။

ဘုရားကျောင်းထဲသူပါဝင်သွားလိုက်သည် ။ ရှောင်ကျန့်က အနောက်ကိုလှည့်မကြည့်ဘဲ ဝတ်ရုံစလေးကိုမကာ ဖြေးဖြေးချင်းလျှောက်နေသည် ။ ခဏနေတော့ ရပ်သွားသည် ။ ပြီးနောက် ဖြေးဖြေးချင်းအနောက်ကိုလှည့်ကြည့်လာတဲ့ ရှောင်ကျန့်...။

"အား..!"

သူ့ကိုတွေ့တော့ ရှောင်ကျန့် အရမ်းလန့်သွားသည်ထင် ကိုယ်လေးက ကြမ်းပြင်ပေါ်ပစ်ကျသွားသည် ။

"ဟင့် ..! ဘယ်လိုလဲ ဒီနေရာထိပဲပြေးတော့မှာလား "

အေးစက်တဲ့လေထုထဲက ယွင်ရှန်းရဲ့အသံက ရှောင်ကျန့် ကိုကျောချမ်းစေသည် ။

"ယွင်ရှန်း..ငါ..ငါတောင်းပန်ပါတယ်..ငါ့ကို.. လွှတ်ပေးပါ "

ထိုင်ရက်လေး လက်အုပ်ချီကာ တောင်းပန်နေတဲ့ ရှောင်ကျန့် ။
ယွင်ရှန်း သူပါ ရှောင်ကျန့်အရှေ့ကိုထိုင်ချလိုက်ရင်း .. ရှောင်ကျန့် မေးစေ့လေးကို ကိုင်ကာ မော့စေလိုက်သည် ။

"လွှတ်ပေးစေချင်တယ်ပေါ့ "

ရှောင်ကျန့် ရင်တွေတဒိတ်ဒိတ်နဲ့ကြောက်လွန်းလို့ ဘာပြောရမှန်းမသိ ။ သို့ပေမယ့် ခေါင်းသာငြိမ့်ပြလိုက်သည် ။

"ဟာ..ဟားဟား "

သူ့ကိုစိုက်ကြည့်ပြီးခြောက်ခြောက်ကပ်ကပ်ရယ်လာတဲ့ ယွင်ရှန်းကြောင့် ရှောင်ကျန့် ကိုယ်လေးက တုန်ရီလာသည် ။

"ရတယ်လေ ! ဒါဆိုရင် ငါ့ကိုအရင်ပေး "

"ဘာ...ဘာပေး..အွန့်.."

God-Given(ဘုရားပေးသော)[Complete]Donde viven las historias. Descúbrelo ahora