အပိုင်း ၂၇

6.6K 689 72
                                    

Zawgyi

"ကျွန်တော် လက်ခံပါတယ် "

ရိပေါ် တစ်လှမ်းချင်လာတဲ့ ရှောင်ကျန့်ကိုကြည့်ရင်း မျက်ဝန်းတွေကလည်းထိတ်လန့်နေသည်။

"ရှောင်ကျန့် ! မင်း..ဘာပြောလိုက်တာလဲ "

"ကျွန်တော်... လန်မင်းသားနဲ့လိုက်သွားဖို့ လက်ခံပါတယ် အရှင် "

မိဖုရားခေါင်ကြီးရဲ့စကားကြောင့် အမတ်တွေကတီးတိုးပြောကုန်ကြသည်။

"ရှောင်ကျန့် ! မင်းမလိုက်သွားရဘူး မင်း..မင်းက ငါ့မိဖုရားလေ..ဘာကြောင့် သူများနောက်လိုက်သွားမှာလဲ "

" စောစောက လန်မင်းသားပြောသလိုပါပဲ အရှင် ကျွန်တော့်ကိုဂရူမစိုက်မယ့်အတူတူ ကာကွယ်ပေးနိုင်မယ့်သူနောက်ကိုပဲလိုက်သွားချင်ပါတယ် "

"ရှောင်ကျန့်... !  မင်း ..."

ရိပေါ် ဒေါသကြောင့် မျက်နှာပြင်တစ်ခုလုံးပေါက်ထွက်မတတ်ဖြစ်နေသည် ။

"စိတ်လျော့ပါ မင်းကြီး ... ကတိအတိုင်း မိဖုရားခေါင်ကြီးကလည်း လက်ခံပြီမို့..မနက်ဖြန်မနက် မိုးသောက်တာနဲ့ ကျွန်တော် မိဖုရားခေါင်ကြီးကိုခေါ်ဆောင်သွားပါ့မယ် "

လန်မင်းသားက ပြောပြီးထွက်သွားသည် ။

" ဒါဆို ကျွန်တော်ကို့လဲသွားခွင်ပြုပါဦး"

ရှောင်ကျန့်ကလည်း အရိုအသေပေးပြီးထွက်သွားပြန်သည်။
ပုလ္လင်ပေါ်မှာကျန်ခဲ့တဲ့ ဝမ်ရိပေါ်ကတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း...ဒေါသမီးတို့တောက်လောင်နေလေသည်။

ရှောင်ကျန့်..ဘယ်လိုကြောင့်လက်ခံလိုက်တာလဲ။ ရှောင်ကျန့်ကသူ့ကိုသဘောကျနေတာမလား ။ အဲ့တာကြောင့်လည်းသူယုံကြည်ချက်ရှိရှိလန်မင်းသားကိုပြောလိုက်ပေမယ့် ရှောင်ကျန့်ကဖျက်စီးသွားတယ် ။
ရှောင်ကျန့်...ရှောင်ကျန့်...မင်း အရမ်းကိုတရားလွန်နေပြီ ။
(A/N_သူကပဲပြောရရှိသေး 😒)

-------------------

*ဒုန်း *

အဆောင်တော်တံခါးက ရုတ်တရက် အကြမ်းပတမ်းပွင့်သွားတာကြောင့် အိပ်ပျော်ခါနီး ရှောင်ကျန့်လန့်နိုးသွားရသည်။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now