အပိုင်း ၃၁

8.3K 837 135
                                    

Zawgyi

ချွင်မေလျန် အဆောင်တော်အတွင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လို့နေသည်။
ယခုဆို သူမကို နှောက်ယှက်မယ့် ရှောင်ကျန့်လဲမရှိတော့..။ အရှင့်ကို သူတစ်ယောက်ပဲ အပိုင်သိမ်းလို့ရပြီ။

သူမ အပျော်တွေ ကြာကြာမခံစားရလိုက်။
အရှင့်ရဲ့ "ချွင်မေလျန် " ဆိုတဲ့ ခေါ်သံကြောင့် လန်ဖြန့်ကာ..အရှင့်ရှေ့တော်မောက်သွားရောက်ရသည်။

"အရှင်.. မေလျန့်အဆောင်ကိုဘာကိစ္စ...အစ်.."

သူမ စကားမဆုံးခင် .. အရှင့်ရဲ့ လက်တွေက သူမလည်ပင်းကို အားပြင်းပြင်းနှင့်ညစ်လိုက်သည်။

"အစ်...အ...ရှင်.."

"မင်း အမှန်အတိုင်းပြောစမ်း..ရှောင်ကျန့် ငါ့ကို အဆိပ်ခတ်တာ မဟုတ်ဘူးမလား.."

"....."

"ပြောလေ...လန်မင်းသားကို လွှတ်ပေးတာလည်း ရှောင်ကျန့်မဟုတ်ဘူးမလား...ဟမ်....ရှောင်ကျန့်ကို ငါမုန်းတီးခဲ့အောင်လုပ်ခဲ့တာကရော မင်းမဟုတ်လား...ဟမ်!!!"

အရှင့်ဒေါ်သကြောင့် သူမလည်ပင်းကိုညစ်ထားတဲ့ အရှင့်လက်တွေကပိုတင်းကြပ်လာသည်။
သူမအသက်ပင်ရှူလို့မရတော့။

"အစ်"

ရိပေါ်သူမကို စောင့်ချကာလွှတ်လိုက်သည်။

"အဟွတ် အဟွတ်..

မဟုတ်ပာဘူး...မဟုတ်ပာဘူး အရှင်..မေလျန် ဘာတစ်ခုမှမသိပာဘူး"

"ဘာ....ချွင်မေလျန်!!! ငါအကုန်သိထားပြီးပြီမို့...မင်းဝန်ခံရင် ကောင်းလိမ့်မယ်"

"မဟုတ်ပာဘူး..မတရားစွပ်စွဲခံရတာပါ..မေလျန်...အား.! "

ရိပေါ် ဓါးအိမ်ထဲက ဓါးကိုထုတ်ကာ မေလျန့်လက်ကို ခုတ်လိုက်သည်။

"မင်း ဝန်မခံဘူးလား ဟမ်"

"....."

သူမက မဖြေဘဲ ခေါင်းမာနေတာကြောင့် ရိပေါ် နောက်တစ်ဖက်ကို ထပ်ခုတ်ပြန်သည်။

"အား.."

သူမနာကျင်လွန်းတာနေပြီ ။
အရှင်က နောက်တစ်ခါ ဓါးနဲ့ရွယ်လာချိန်မှာတော့။

"ဟုတ်ပါတယ်...ဟုတ်ပါတယ် အရှင်...ရှောင်ကျန့် အဆိပ်မခတ်ခဲ့ပါဘူး လန်မင်းသားကို လွှတ်ပေးခဲ့တာလည်း သူမဟုတ်ပါဘူး"

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now