အပိုင်း ၈

12.6K 1K 48
                                    

Zawgyi

ရက်အနည်းငယ်ကြာတော့ ကျန်းနိုင်ငံက မင်းကြီးတို့ဝမ်နိုင်ငံကိုရောက်လာကြသည်။

ရှောင်ကျန့်ကတော့ ဝမ်ရိပေါ်အနားမှာထိုင်ရင်း စိတ်ထဲမတင်မကျဖြစ်နေမိသည်။

"ဝမ်မင်းကြီးကိုဂါရဝပြုပါတယ်.."

ဝမ်နိုင်ငံရဲ့ညီလာခံတွင် ကျန်းနိုင်ငံသားတွေအပြည့်။

"ထိုင်ကြပါ"

"အင်း.....လာရင်းကတော့ အရင်တစ်ခေါက်ကပြောထားတဲ့အတိုင်းပဲ ကျနော်တို့ကျန်းနိုင်ငံနဲ့ ဝမ်နိုင်ငံကိုချစ်ကြည်ရေးယူစေချင်ပါတယ်..."

"အင်း...အဲ့တာဆို...ဘာလို့ချစ်ကြည်ရေးယူချင်တာလဲဆိုတဲ့အကြောင်းလေးပြောပြလို့ရမလား ကျန်းမင်းကြီး"

ဝမ်ရိပေါ်ပြောတော့ မျက်နှာပျက်သွားသော ကျန်းမင်းကြီး..။
ဝမ်ရိပေါ်ပြုံးကာပင်..

"ဘာပဲဖြစ်ဖြစ် အကြောင်းအရင်းလေးတော့သိထားသင့်တယ်မဟုတ်လား"

"အဟမ်း ဟုတ်ပါတယ်...တကယ်တော့..ကျနော်တို့ကျန်းနိုင်ငံက ကပ်ဆိုက်နေလို့ပါ"

"ဘယ်လို!!"

ညီလာခံတစ်ခုလုံးအသံတွေဖုံးလွှမ်းသွားသည်။
ရှောင်ကျန့်သည်ပင် အံ့သြသွားရ။

"တိတ်ကြစမ်း"

ရိပေါ်ရဲ့တစ်ချက်လွှတ်အမိန့်အောက် အားလုံးငြိမ်သက်လျှက်။

"ဘယ်လိုကပ်ဆိုက်တာလဲ"

"ကျနော်တို့နိုင်ငံမှာ ရောဂါတစ်ခုဖြစ်နေတာ ၁နှစ်ကျော်လောက်ရှိပါပြီ...ဒါပေမယ့် ဘာရောဂါဆိုတာလည်းအဖြေရှာမရသလို..ဘယ်သမားတော်မှလည်းမကုနိုင်ပါဘူး....အဲ့ရောဂါဖြစ်သွားရင်..အသက်ရှူမရဖြစ်ပြီး...သေဆုံးသွားကြပါတယ်"

"......"

အားလုံးကစိတ်ဝင်တစားနားထောင်နေကြသည်မို့ ကျန်းမင်းကြီးကဆက်ပြောသည်။

" အဲ့ရောဂါကအကူးအဆက်လဲမြန်ပါတယ် အဲ့တာကြောင့် အခုဆို ကျန်းနိုင်ငံမှာပြည်သူတော်တော်များများသေဆုံးကုန်ကြပါပြီ...အဲ့တော့ အကြောင်းအရင်းကတော့...ဝမ်နိုင်ငံရဲ့အကူအညီလိုချင်တာပါ"

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now