အပိုင်း ၂၄

6.2K 687 83
                                    

Zawgyi

"မင်းနဲ့ငါ့ကို ကလေးရအောင်လုပ်ခိုင်းနေတယ် "

ရိပေါ်စကားအဆုံး ရှောင်ကျန့်ကငြိမ်သွားတယ် ။

"အဲ့တော့...."

"အရှင်ဘက်ကစိတ်မပါဘဲ အတင်းလုပ်ယူမနေပါနဲ့"

စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ရှောင်ကျန့်ကြောင့် ရိပေါ် အနည်းငယ်ထိတ်လန့်သွားသည်။

"ဒာပေမယ့် ဒီကိစ္စက ငါ့ဆန္ဒမပါလဲ နန်းဆက်ရဖို့.."

"နန်းဆက်ရဖို့ဆိုရင် မိဖုရားချွင်နဲ့ပဲတူတူနေလိုက်ပါ...ဘာပဲဖြစ်ဖြစ် အရှင်က သူ့ကိုချစ်တာပဲ သူနဲ့ရလာမယ့်ကလေးကိုပဲ နန်းပေးမှာပဲဟာ .. ကျွန်တော် နဲ့ ဒီလိုလုပ်နေစရာမလိုပါဘူး"

ရှောင်ကျန့်ကဒေါသသံလည်း မဟုတ် နူးညံ့သံလည်းမဟုတ်သောအသံနေအသံထားနဲ့ပြောသည်။

"ရှောင်ကျန့်.. ! မင်းပြောင်းလဲသွားတယ်နော်"

"......."

"မင်းလို လူက အရင်ကဆို ငါနဲ့အိပ်ရဖို့ အသည်းအသန်ကြိုးစားနေခဲ့တာမဟုတ်ဘူးလား "

"အရှင် !!!!!"

ရှောင်ကျန့် အော်လိုက်တာကြောင့် ရိပေါ် မျက်လုံးပြူးသွားသည်။

"ထွက်သွားပေးပါအရှင်.. ထပ်ပြီးတော့ စကားလုံးတွေနဲ့မနှိပ်စက်ပါနဲ့ .. ချစ်ခဲ့တာပါ အတူနေချင်ရုံနဲ့ အရှင့်ကိုလိုချင်ခဲ့တာမဟုတ်လောက်ပါဘူး ... ရှောင်ကျန့်..ရှောင်ကျန့်က..."

ရှောင်ကျန့် ပြောရင်းအသံတိမ်ဝင်သွားသည် ။ သူ အရင်ဘဝကရှောင်ကျန့်ကိုသိပ်သနားတာပဲ ။

"ရှောင်ကျန့်..မင်း..."

ရိပေါ်ဆက်မပြောခင် ရှောင်ကျန့် ရိပေါ်ရှေ့ဒူးထောက်ထိုင်ချလိုက်သည် ။

"မင်းဘာလုပ်တာလဲ "

"ထွက်သွားပေးပါအရှင် ကျွန်တော့်ကို နည်းနည်းလောက်ပဲငံ့ညှာပြီး အဆောင်တော်ထဲကထွက်သွားပေးပါ ကျေးဇူးပြုပြီး"

ရှောင်ကျန့်အသံတွေကတုန်ရီနေတယ် ။ ခေါင်းမဖော်ဘဲ ပြောနေတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်ဘာမှပြန်မပြောနိုင်သေး။ အရင်က ရှောင်ကျန့်ဆိုတာ အခုလို သူ့ကိုဒူးထောက်ပြီးတောင်းပန်ဖို့ဆိုတာ တွေးတောင်မတွေးဖူးတဲ့အရာ ... ။ ဘယ်လိုအရာတွေကများ ရှောင်ကျန့်ကိုပြောင်းလဲစေခဲ့တာလဲ ။ အရင်က ရှောင်ကျန့်ကသိပ်မောက်မာတာလေ ..။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now