အပိုင်း ၃၀

7.9K 769 108
                                    

Zawgyi

ရိပေါ် စီရင်တဲ့နေရာမှ ပြန်လာပြီး..မူကုန်းကုန်းအား..သေရည်ယူခိုင်းပြီး ထိုင်ကာသောက်နေလေသည်။

မူကုန်းကုန်းကတော့ သက်ပြင်းတချချဖြင့်သာ။

မှားသွားခဲ့တာလား...။ဟင့်အင်း ငါမမှားဘူး ။

ရိပေါ်သူ့စိတ်ရဲ့ ဒွိဟကိုလည်း မလွန်ဆန်နိုင်။

"ဖယ်ပေး...အခုချက်ချင်းငါဝင်မယ်"

"မရပါဘူး..မင်းကြီး အဆောင်တော်ထဲ အမိန့်မရဘဲဝင်ခွင့်မရှိပါဘူး"

"မရဘူး ငါ့ကိုဖယ်ပေး"

အပြင်မှ ဆူညံသံတွေကြောင့် ရိပေါ် မူကုန်းကုန်းအား မေးလိုက်သည်။

"အဲ့တာ ဘာဖြစ်နေတာလဲ"

"မိဖုရားခေါင်ကြီးရဲ့အထိန်းတော် ရှန်းရှန်းပါ"

"သူက ဘာကိစ္စလဲ"

"မသိပာဘူး မင်းကြီး အတင်းဝင်မယ်လို့သာပြောနေပါတယ်"

"ဝင်လာခိုင်းလိုက်"

"ဟုတ်ကဲ့ပါ"

မူကုန်းကုန်းက အပြင်ဘက်သို့ထွက်သွားသည်။

"မင်းကြီးကဝင်လာခိုင်းပါတယ်"

မူကုန်းကုန်းစကားကြောင့် ရှန်းရှန်းက ရုန်းကန်နေရာမှငြိမ်သွားသည်။ အစောင့်တွေကလည်း သူ့ကိုလွှတ်ပေးလိုက်သည်။
ရှန်းရှန်း ခြေလှမ်းကျဲတွေနှင့် လျှောက်သွားပြီး ရိပေါ်ရှေ့ ငါးလှမ်းလောက်အကွာမှာရပ်လိုက်သည်။

"ဘာကိစ္စလဲ...ဘာလဲ ရှောင်ကျန့်သေသွားတာကို မကျေနပ်လို့လား"

"......."

"ပြောလေ..မင်း မိဖုရားက သူ့အပြစ်ကြောင့်သူသေသွားတာလေ မင်းကဘယ်သူ့ကိုအပြစ်တင်ချင်နေတာလဲ"

"မင်းကြီး!!"

ရှန်းရှန်းကအသံကိုမြှင့်၍ခေါ်လိုက်သည်။

"မဟုတ်ပာဘူး မင်းကြီး...ကျန့်ကျန့်က ဘယ်လိုပဲ အမှန်တရားကို ဖုံးကွယ်ခဲ့ပါစေ...သူနာကျင်ခဲ့ရသမျှ ကို မြင်တွေ့ခဲ့ရတဲ့ ကျွန်တော်မျိုးမ တို့က...မနေနိုင်ဘဲပြောပါရစေ"

"မင်းက ဘာကိုဆိုလိုချင်တာလဲ"

"မင်းကြီး!! ကျွန်တော်မျိုးမ ကို သေမိန့်ပေးလည်း ခံလိုက်ပါမယ်...ဒာပေမယ့် .မင်းကြီးအနေနဲ့ အမှန်တရားကိုသိသင့်တယ်လို့ထင်ပါတယ်....
ကျန့်ကျန့်...ကျွန်တော်မျိုးမရဲ့ မိဖုရားလေးမှာ...အရှင်နဲ့ရတဲ့ ကိုယ်ဝန်ရှိခဲ့ပါတယ်.."

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now