Part - 3 (Unicode)

10K 514 3
                                        


[Unicode]
ကုမ္ပဏီထဲသို့ဝင်ဝင်ချင်းပင် အထွန်းကိုလူတွေဝိုင်း
ကြည့်နေကြသည်။ ညစ်ပတ်ပေရေနေသော အကျီ ၤ
နှင့်အတူ အထွန်းမှာကုမ္ပဏီဝန်းအတွင်းထဲ မအူမ
လည်ဖြစ်နေသည်။အပေါ်သို့မော့ကြည့်လိုက်သောအခါ မြင့်မား၍များပြားလှသော အခန်းများကို တမေ့တမောလိုက်ငေးကြည့်နေမိသည်။

ထိုစဉ်မမမြတ်မှာလိုက်သော အဝတ်အစားများကို
သယ်လာကာ ကုမ္ပဏီရဲ့အဝင်ဝတွင် တစ်ခုခုကိုငေး
နေပုံရသော ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်
သည်။အနီးနားသို့ ရောက်သောအခါ စွန်းထင်းနေ
သော အကျီ ၤကိုကြည့်လိုက်သည်နှင့် လဲ့ချက်ချင်းပင်
သိလိုက်သည်။ထို့နောက် လဲ့ကိုတွေ့သောအခါ ထို
ကောင်မလေးလဲ့အနားသို့ ရောက်လာကာမှ တိုက်
တိုက်ဆိုင်ဆိုင် Interview ဖြေဖို့ခေါ်ထားသော
သီရိထွန်းပင်ဖြစ်နေတော့သည်။

"သီရိထွန်းမလား ညီမလေးက''
" ရှင် .... ဟုတ်တယ် အမ ညီမ သီရိထွန်းပါ''
"အမက ဆုလဲ့ပာ။ အမနဲ့အတူအပေါ်ကိုတတ်ခဲ့ Interview ဖြေရမဲ့နေရာ အမလိုက်ပို့ပေးမယ်''
" ဟုတ်ကဲ့အမ ကျေးဇူးပါ''

လဲ့လည်း ဘာမှမပြောတော့ဘဲ Elevatorနဲ့
မမမြတ်ရုံးခန်းသို့ သူမကိုခေါ်လာခဲ့သည်။
ကောင်မလေးကလဲ အေးအေးဆေးဆေးပင် စကားမပြောပဲလဲ့အနောက်မှ လိုက်လာလေသည်။
ရုံးခန်းရှေ့သို့ လဲ့တို့ ရောက်သော
အခါ.....

" ဒေါက်....ဒေါက်....ဒေါက်... ဥက္ကဌနဲ့ Interview
ဖြေမဲ့သူ ရောက်ပါပြီရှင်''
" ဝင်ခဲ့''

မှန်ပြတင်းပေါက်နားတွင်လက်ပိုက်၍မတ်တပ်ရပ်
ကာ အပြင်ဘက်သို့ ငေးမောကြည့်နေသော
အနီရောင်တွေ ဆင်မြန်းထားတဲ့သူမ။ အထွန်းခေါင်း
ထဲမှာ စဉ်းစားစရာတွေဖြစ်လာသည်။ခေါင်းလဲ
တဖြည်းဖြည်းပူထူလာလေသည်။Coffeeဆိုင်မှာ
တွေ့ခဲ့တဲ့ မိန်းမကြီးမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိ
သည်။ သို့သော် ဆုတောင်းမပြည့်။အပြင်သို့ငေးနေရာမှ အထွန်းဘေးတွင်ရှိသော ထိုင်ခုံသို့ လျှောက်
လာပြီး ဝင်ထိုင်သည့် အချိန်ထိ အထွန်းမှာ မတ်တပ်
မတ်တပ်နှင့် အူကြောင်ကြောင်။ အတွေးထဲမှာတော့
တိုင်နဲ့ခေါင်းနဲ့သာ ပြေးပြေးဆောင့်ချင်မိသည်။

သူမ သိေစ..... (Z+U)Место, где живут истории. Откройте их для себя