[Unicode]
သာယာသောမနက်ခင်းလေးမှာ သူနဲ့အတူတူအိပ်
ယာမှနိုးလာပြီး ရေမိုးချိူးမနက်စာစားကာ ကုမ္ပဏီ
သို့မောင်းထွက်လာခဲ့ကြသည်။ညကအရှိန်ကြောင့်
မြတ်ရဲ့ခန္ဓာကိုယ်မှာအရင်လိုသိပ်ပြီး မလှုပ်ရှားနိုင်ပဲ
နည်းနည်းနာကျင်နေသလိုခံစားရသည်။မြတ်ရဲ့ဝေဒနာကိုအထွန်းသိသောကြောင့် အထွန်းမှာ အလိုက်တသိဖြင့် မြတ်ကိုပြုစုယုယပေးသည်။ကားပေါ်တွင်လဲ
'နေလို့ထိုင်လို့ကောင်းလား' 'သက်သာလား' ခဏ
ခဏ လူကိုမေးနေသောကြောင့် မြတ်မှာရှက်သော်
လည်းကိုယ်ခံစားနေရသည့်ဝေဒနာကို ရှက်စိတ်ဖြင့်
ပွင့်ပွင့်လင်းလင်းပဲဖြေလိုက်တော့သည်။
ထို့နောက်ကားမီးပွိုင့်မိနေစဉ်အထွန်းဘက်ကိုမြတ်
လှည့်ကြည့်လိုက်ကာ.....
"အထွန်းမိဘတွေ ဘယ်အချိန်လောက်လာမှာလဲ''
"အင်း...မနက်ဖြန်တော့ကျိန်းသေတယ် ဒါပေမဲ့အချိန်
ကိုတော့ အထွန်းပြန်မေးရဦးမယ်''
"အင်းပါ...တစ်ခုခုလိုတာရှိရင်လဲ မမမြတ်ကိုပြော။
အန်တီတို့ကိုကြိုဖို့ ကားယူသွားလိုက်ပေါ့''
"ဟာ...ရပါတယ် မမမြတ်ရဲ့...အထွန်းလဲသွား
ကြိုချင်မှကြိုမှာ မမနဲ့သူ့အမျိူးသားလဲပါနေတော့
လေ အဲ့ဒါကြောင့်''
" သြော်....အထွန်းအမပါ ပါတာဆိုတော့ ကလေး
လေးပါ ပါလာမှာပဲ...မမမြတ်တောင် တစ်ခါတစ်လေ
ကျရင် အထွန်းတူလေးကို သတိရမိသား''
အထွန်းတို့အိမ်ဆီလာကထဲက သူမ တူလေးကိုချော့
သိပ်နေသည့်ပုံကိုပြန်တွေးတိုင်းပြန်တွေးတိုင်း
အခြေအနေတွေကြောင့် လူ့လောကထဲသို့ရောက်
မလာဘဲ သေခြင်းတရားဘက်သို့ရောက်သွားသော
သူမရဲ့ ရင်သွေးလေးကိုလဲ တစ်ခါတစ်လေ မြင်ဖူး
ကြည့်ချင်သည်။စကားတွေလဲပြောချင်မိသည်။
အဲ့ဒီ့အတိတ်အကြောင်းတွေကို အထွန်းရဲ့နှုတ်မှ
တစ်ခါမျှသူမကို မမေးဖူးပေမဲ့တစ်ခါတစ်လေမှာ
"ဘာကြောင့်လဲ''ဆိုတဲ့ မေးခွန်းလေးကိုတော့မေး
ဖူးချင်မိခဲ့သည်.....။
ထို့နောက် ကားကိုတောက်လျှောက်မောင်းလာလိုက်
ပြီးကုမ္ပဏီသို့ရောက်လာသည့်အခါဝင်ပေါက်ရှေ့တွင် ကားကိုရပ်လိုက်ကာ အောက်ဆင်းတော့မည့်သူမရဲ့
လက်ကို ကိုင်လိုက်ရင်း.....
ВЫ ЧИТАЕТЕ
သူမ သိစေ..... (Z+U)
Любовные романыဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
