[Unicode]
သူမအိမ်ခြံရှေ့သို့ရောက်သောအခါ ချက်ချင်းပင်ကား
ပေါ်မှဆင်း၍ ခြံတံခါးဖွင့်ပေးလိုက်ပြီး ကားကို
ဂိုဒေါင်ထဲသို့သူမသွင်းရပ်သည်။ထို့နောက် သူမနဲ့
သစ်သစ်ကားပေါ်မှဆင်း၍ အိမ်ထဲသို့ဝင်သွားသော
အခါ အထွန်းလဲခြေထောက်မှာထော့နဲ့ထော့နဲ့ဖြင့်
အနောက်မှလိုက်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။
အထွန်းရဲ့ခြေထောက်မှာပို၍နာကျင်လာသလိုခံစား
ရသောကြောင့် အနာကိုအရင်ဆုံးသန့်ရှင်းပြီး ဆေး
ထည့်ရန်လိုအပ်သောကြောင့် အခန်းထဲသို့သွားဦး
မည်ဟု တွေးလိုက်ကာ....
"မမမြတ်''
မီးဖိုချောင်ထဲတွင် သစ်သစ်ရေသောက်ရန် ခွက်ထဲသို့
ရေထည့်နေစဉ် အရှေ့မှ အထွန်းရဲ့အော်ခေါ်သံကို
ကြားလိုက်သောကြောင့် ရေခွက်ယူ၍ မီးဖိုချောင်ခန်းထဲမှထွက်လာကာ....
"ဘာဖြစ်လို့လဲ အထွန်း''
" သြော်....အထွန်း အရမ်းပူနေလို့ရေချိူးချင်လို့
အခန်းထဲသွားလိုက်ဦးမယ်''
အထွန်းခံစားနေရသည့် ဝေဒနာသေးသေးလေး
အတွက်ကြောင့်နဲ့ သူမကိုမစိုးရိမ်စေချင်သောကြောင့်
စကားကိုညာပြောလိုက်သည်။
"ဘာများလဲလို့ သွားသွား ပြီးရင် မမမြတ်လာခဲ့မယ်''
"ဟုတ် မမမြတ်....''
အပေါ်ထပ်သို့ အထွန်းလဲတတ်သွားကာ ဧည့်ခန်း
တွင်ထိုင်နေသော သစ်သစ်ဆီသို့သွား၍ သူနဲ့အတူ
ထိုင်လိုက်ပြီး ရေခွက်ကိုအရှေ့သို့ချပေးလိုက်ကာ....
" အေးအေးဆေးဆေးနေနော် သစ်သစ်...ဒီမှာက
မမမြတ်နဲ့ အထွန်းပဲရှိတာ''
"မမမြတ်တို့နှစ်ယောက်ကို သစ်သစ်သဘောကျလိုက်
တာ....နှစ်ယောက်လုံးက ပျော်ပျော်ရွှင်ရွှင်ပဲနော်....
ဘာအပူအပင်မှမရှိဘူး....အေးအေးချမ်းချမ်းလေးနဲ့
နေနေရတာ....ကောင်းပါတယ်''
"မမမြတ်တို့နေနေတဲ့လူ့လောကကြီးက...ပရိယာယ်
သိပ်များတယ် သစ်သစ်ရဲ့....မမမြတ်ဆို အခက်အခဲ
တွေအများကြီးဖြတ်သန်းလာခဲ့ရတာ....ဟော....အခု
အထွန်းနဲ့လဲ အခက်အခဲတွေကြားထဲ နှစ်ယောက်
အတူတူနေလာကြရတာပဲ...ပျော်စရာရှိအတူတူပျော်
တယ်.....ဝမ်းနည်းကြေကွဲစရာရှိ အတူတူဝမ်းနည်း
ကြေကွဲပြီး တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီ
ကြတယ်.....အမြဲတမ်းတော့လဲ မပျော်ရွှင်ရပါဘူး
သစ်သစ်ရယ်....လူ့ဘဝဆိုတာ အခက်အခဲတွေပြီးမှ
ပျော်ရွှင်မှုကိုခံစားရတာ...''
"သစ်သစ်လဲလေ....မမမြတ်တို့လို ပျော်ရွှင်ကြည့်ချင်
တယ်''
YOU ARE READING
သူမ သိစေ..... (Z+U)
Romanceဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
