[Unicode]
မှန်ပြတင်းပေါက်မှ နေရောင်ခြည်အလင်းတန်းများ
ကြောင့် မျက်လုံးများကျိန်းစက်လာသည်။မြတ်ဘေး
နားရှိ နေရာကို လက်ဖြင့်စမ်းကြည့်လိုက်သောအခါ
သူ မရှိပေ။အိပ်ယာမှထ၍ အော်ခေါ်သော်လည်း ဘာ
အသံမှမကြားရ။ရေချိူးခန်းထဲသို့ ဝင်ကြည့်သော်
လည်း မတွေ့။အပေါ်အကျီ ၤတစ်ထပ်စွတ်၍ အောက်
ထပ်သို့ဆင်းကြည့်သောအခါ အရာအားလုံး
တိတ်ဆိတ်ငြိမ်သက်နေသည်။ထမင်းစားခန်းထဲသို့
ဝင်ကြည့်သောအခါ စားပွဲပေါ်တွင်ရှင်းလင်းနေ
သည်။သေချာသည်မှာ သူထွက်သွားပြီ......။မြတ်ကို
မနှိုးဘဲ သူထွက်သွားပြီ....။အခန်းထဲသို့ ပြန်လာပြီး
ဖုန်းဖွင့်ကြည့်သော်လည်း စာတစ်စောင်ပင်မပို့ထား...
ဖုန်းခေါ်ပြီး ဆူချင်သော်လည်း မလုပ်ရက်ပေ။
ကုတင်ပေါ်တွင် ထိုင်စဉ်းစားနေရင်းဖြင့် အကြံတစ်ခု
ရလာကာ ရေချိူးခန်းထဲသို့ အမြန်ပြေးရတော့သည်။
---------------------------------------------------------
မနက်စောစောထလာကာ အိမ်ပြန်၍ရေချိူးနေစဉ်
ရေချိူးခန်းထဲရှိ မှန်ထဲတွင် ကိုယ့်မျက်နှာကိုယ်လက်
ဖြင့် ပွတ်သပ်၍ အတွေးကမ္ဘာထဲရောက်နေသည်။
အထွန်းရဲ့ နှုတ်ခမ်းများမှာ ညကအရှိန်ကြောင့် နီရဲ
၍နာနေသည်။နှုတ်ခမ်းနည်းနည်းကွဲနေကာ သွေး
ထွက်နေသောကြောင့် ရေဖြင့်ဆေးချလိုက်သည်။ရင်
ဘတ်နားရှိ အနီကွက်လေးများကို လက်ဖြင့်ထိကြည့်
လိုက်ရင်း ရုတ်တရက် မမမြတ်နှင့်ဘုဏ်းသစ်ရုပ်ကို
တွဲ၍ မြင်ယောင်လာမိသည်။
အထွန်းနဲ့ဘုဏ်းသစ်ဆို မမမြတ်ဘယ်သူ့ကိုရွေးမှာလဲ.....။မမမြတ်ကရော အထွန်းကိုဘယ်လို သဘောထားသလဲ.....။မမမြတ်နဲ့အထွန်း အတူတူတစ်သက်
လုံးနေသွားရပါ့မလား.....အကယ်၍ လူတွေသာ
အထွန်းတို့နှစ်ယောက်အကြောင်းသိသွားရင်
မမမြတ်ကို ဘယ်လိုထင်ကြမလဲ...။အတွေးများက
အထွန်းကို အကြိမ်ကြိမ်သတ်နေသည်။မှန်ပေါ်တွင်
ရေငွေ့များရိုက်နေသောကြောင့် လက်ဖြင့််ပွတ်ဆွဲ
လိုက်ကာ မျက်လုံးထဲရှိ မျက်ရည်ပေါက်ကလေးများ
ဟာ ပားပြင်ပေါ်မှတစ်ဆင့် ကျောက်ပြားပေါ်သို့
တစ်စက်ပြီးတစ်စက် ရေကျသံများနှင့်အတူ စီးဆင်း
နေလေသည်။အတွေးများကို ဆက်မတွေးတော့ဘဲ
ရေချိူးခန်းထဲမှထွက်ကာ အဝတ်အစားမြန်မြန်ဝတ်
၍ သူမပေးသောရေမွှေးလေးကို စွတ်လိုက်ကာ
အခန်းထဲမှ ထွက်လာလိုက်သည်။
YOU ARE READING
သူမ သိစေ..... (Z+U)
Romanceဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
