Part - 26 (Unicode )

5.1K 240 8
                                        


[Unicode]
အလုပ်ပိတ်ရက်တွေမှာ မြတ်အိပ်လို့မရခဲ့ပေ.....
တနလာၤနေ့ကို ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေမိ
ခဲ့သည်။အခုတော့ ရောက်ရှိလို့လာလေပြီ....ဒီနေ့ဟာ အထွန်းနဲ့မြတ်ရဲ့ ပတ်သက်မှုကိုလူတွေအရှေ့ထုတ်
ဖော်ပြရတော့မဲ့ နေ့....ဒီနေ့ဟာ သူနဲ့မြတ်ရဲ့ဘဝတစ်ခုလုံးကိုလဲ ပြောင်းလဲပေးလိမ့်မည်ဟု မြတ်ထင်နေမိ
သည့်နေ့။မြတ်ရဲ့ဂုဏ်သိက္ခာနဲ့အချစ်တွေအားလုံးကို သူ့တစ်ယောက်ထဲအတွက် ပုံအောပြီး....ဒီရှင်းလင်းပွဲ
ကိုစီစဉ်ခဲ့ခြင်းဖြစ်သည်။

မနက်စောစော လဲ့နဲ့ကုမ္ပဏီကိုလာပြီး ရုံးခန်းထဲမှာ
တစ်ယောက်ထဲဟိုလျှောက်ဒီလျှောက်နှင့် စိတ်လှုပ်
ရှားနေမိသည်။မြတ်ဒီရှင်းလင်းပွဲကို....သတင်းမီဒီယာသမားများအကုန် ဖိတ်ကြားထားသည်။အထူး
သဖြင့်....ဘုဏ်းသစ်နဲ့ပတ်သတ်ဆက်နွယ်နေသည့်လူ.....မြတ်ရဲ့သတင်းကိုမှအချိန်အခါမရွေးလိုက်စုံစမ်း
နေသည့်လူကို အဓိကဖိတ်ကြားထားသည်။

လဲ့မှာလဲ မနက်ကထဲက အောက်တွင် ရှင်းလင်းပွဲ
အတွက် လိုအပ်သည်များသွားလုပ်နေသောကြောင့်
အလုပ်ရှုပ်နေသည်။မြတ်မှာတော့ အချိန်နီးလေလေ
ပိုပြီး စိတ်လှုပ်ရှားလေလေပင်....များစွာသောလူတွေ
မေးမည့်မေးခွန်းများ....သူတို့ရဲ့အကြည့်များကိုထပ်
ပြီးရင်ဆိုင်ရဦးမည်။နောက်ပြီး......အထွန်း.....မြတ်
ဒီရှင်းလင်းပွဲကိုလုပ်တာ အထွန်းလဲသိနိုင်လောက်
သည်။သူရော ဒီအချိန်မှာဘယ်လိုတွေခံစားနေရမလဲ
ဆိုတာ မြတ်သိချင်မိသည်။ပြီးတော့.....ပြီးတော့.....
နောက်ဆုံးတစ်ခေါက်အနေနဲ့ မြတ်သူ့ကိုတွေ့ချင်သေး
သည်။
---------------------------------------------------------
ရှင်းလင်းပွဲအတွက် လိုအပ်သည်များကို ဝန်ထမ်း
များအားခိုင်းနေရင်း ပွဲချိန်မှာလဲ တဖြည်းဖြည်းနီး
လာသောကြောင့် စိတ်နည်းနည်းပူမိလာသည်။
လူတွေတဖြည်းဖြည်းများများလာသောကြောင့်
နာရီကိုကြည့်လိုက်သောအခါ ဆယ့်တစ်ထိုးတော့
မည်။ဆယ့်တစ်ခွဲတွင် ပွဲစတော့မည်ဖြစ်သောကြောင့်
ဝန်ထမ်းများအား ခုံနေရာအစီတကျချထားခိုင်းခဲ့ကာ အပေါ်ဆုံးထပ် Rooftop ပေါ်သို့ တတ်လာခဲ့
လိုက်သည်။

သူမ သိေစ..... (Z+U)Место, где живут истории. Откройте их для себя