Part - 19 (Unicode)

5.2K 194 7
                                        


[Unicode]
ည.....ညတစ်ည....ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော
ညတစ်ညကုန်ဆုံးသွားရပြန်ပြီ။ထိုညလေးဟာ....
အထွန်းအတွက် မင်္ဂလာဦးညလေးလိုပင်ခံစားမိစေ
သည်။

နှစ်ယောက်သားနေမြင့်မှအိပ်ယာနိုးကြပြီး ရေမိုးချိူး
အဝတ်အစားလဲကာ မနက်စာစားရန် ဟိုတယ်ရဲ့ Rooftop ပေါ်သို့ တတ်လာခဲ့ကြသည်။Waiter
မှာ အထွန်းတို့စားပွဲပေါ်သို့ Menu စာအုပ်လာချ
ပေးကာ အထွန်းမမှာတော့ဘဲ သူမကိုမှာခိုင်းလိုက်၍
ခုံပေါ်မှထကာ မတ်တပ်ရပ်ပြီး လက်ပိုက်ရင်း ပင်
လယ်ကြီးကို ငေးမောကြည့်နေမိချိန်..........

"အထွန်း''
"ဟင်''
"အထွန်းဒီနေရာကို သဘောကျရဲ့လား''
"သဘောကျတာပေါ့ မမမြတ်ရဲ့.....မမမြတ်နဲ့အတူ
လာရလို့ပိုတောင် သဘောကျသေးတယ်''
"အထွန်းသဘောကျတယ်ဆိုရင်ပဲ မမမြတ်ကျေနပ်
ပါပြီ....''
"တစ်ရက်တစ်ရက်ကလဲ ကုန်တာမြန်လိုက်တာ
နော်..........မနက်ဖြန်ဆိုပဲပြန်ရတော့မယ်''

မြတ်ရဲ့ရင်ထဲနွေးသွားသလိုခံစားရကာ စိတ်
မကောင်းဖြစ်မိသည်။'မမမြတ်လဲ အထွန်းနဲ့အတူတူ
အကြာကြီး ဒီလိုနေချင်တာပေါ့' လို့ပြောချင်ပေမဲ့
မြတ်ရဲ့နှုတ်မှ ပြောမထွက်ခဲ့ပေ။ထိုအချိန် မြတ်တို့
စားပွဲပေါ်သို့ စားစရာများလာချသွားကာ
ပန်းကန်ထဲသို့ သူကြိုက်သော ပုစွန်ကိုလှမ်းထည့်
ပေးလိုက်ရင်း.......

" ရော့....ဒါအထွန်းကြိုက်တဲ့ပုစွန်...စားကြည့်လိုက်''
"မမမြတ်က အထွန်းပုစွန်ကြိုက်မှန်း ဘယ်လိုသိတာ
လဲ''
" သြော်.......ကိုယ့်ချစ်သူဘာကြိုက်တတ်လဲဆိုတာ
ကို မမမြတ်လဲသိတာပေါ့......မမမြတ်က အထွန်း
ထက်တောင် အလိုက်သိတတ်သေးတယ်''
"အဲ့ဒါကြောင့် မမမြတ်လို မိန်းမလှလေးကိုချစ်သူ
တော်ထားရတာ အထွန်းကံကောင်းတာပေါ့နော်''
"ဒါပေါ့....အဲ့ဒါကြောင့် ကျန်တာဘာမှမလိုဘူး....
အထွန်းကပဲ မမမြတ်ကို ဒီ့ထက်ပိုပိုပြီး ချစ်ပေးရမယ်
ဒါပဲ''
"ဟားဟား...လူကိုချူပ်နေပြီ ကြည့်စမ်း''

ထိုအချိန် အထွန်းတို့စားပွဲဝိုင်းနှင့်ခပ်ဝေးဝေးတွင်
Waiter နှစ်ယောက် မတ်တပ်ရပ်၍ အထွန်းတို့ကိုအရိပ်တကြည့်ကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်
သည်။အထွန်းလဲ သူတို့ကို ပြန်စိုက်ကြည့်၍ သူမ
မမြင်အောင် ခေါင်းကိုတစ်ချက်မော့ပြလိုက်သော
အခါမှ ထိုလူနှစ်ယောက် ထွက်သွားသည်။

သူမ သိေစ..... (Z+U)Where stories live. Discover now