Part - 27 ( Unicode )

5.7K 228 23
                                        


[Unicode]
"ဘုဏ်းသစ်နဲ့ မမမြတ်ဟာ အရင်က ချစ်သူတွေဖြစ်
ခဲ့ကြဖူးပါတယ်''
"ဟင်.... ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ''
"ဒီသတင်းတော့ နာမည်တော်တော်ကြီးပြီဟေး''

မြတ်မှာကြောက်သည့်စိတ်ဖြင့်အားမရှိတော့ကာ
မူးလဲချင်သလိုတောင် ဖြစ်မိသွားသည်။လူတွေရဲ့စကားပြောသံမှာလဲ ကျယ်လောင်လာသည်။အထွန်းကိုတော့ စိတ်မဆိုးမိပေမဲ့ ကိုယ့်ကိုယ်ကိုတော့ ရှက်
လာသလိုခံစားမိလာသည်။

ရုတ်တရက် မြတ်ရဲ့ပုခုံးကို လူတွေရှေ့တွင်အထွန်း
ပွေ့ဖက်ထားကာ......

"မမမြတ်ကို အချစ်တစ်ခုနဲ့အယုံသွင်းပြီး မမမြတ်
အပေါ်မှာ လူမဆန်တဲ့လုပ်ရပ်တွေလုပ်ခဲ့တာ
ဘုဏ်းသစ်ပါ...နောက်ပြီး ဒီကုမ္ပဏီကိုသိမ်းပိုက်ဖို့
အတွက်ပါ သူမမမြတ်ကိုအသုံးချခဲ့တာပါ....''
"ဟာ....ဒီကောင်မကတော့....ကဲကွာ''

အထွန်းနားသို့ပြေးလာပြီး ပါးတစ်ချက်ကိုထိုးလိုက်
သောကြောင့် မြတ်ရဲ့အရှေ့တွင် သူလဲကျသွားကာ
သူ့ကိုထူလိုက်ရင်း.....

"အထွန်း...အထွန်း....မမမြတ်ကိုကြည့်စမ်း''
"အထွန်းရပါတယ်...မမမြတ်ရယ်....မမမြတ်အချစ်ကို
ပြန်ရဖို့အတွက် အထွန်းဒီလောက်တော့စွန့်စားရမှာ
ပေါ့....မမမြတ်ရဲ့''
"မယုံကြပါနဲ့ဗျာ....မယုံကြပါနဲ့.....ဒီကောင်မက သက်
သက်မဲ့ လုပ်ကြံဖန်တီးပြီးပြောနေတာပါ''
"ငာတို့ရဲ့ အမှန်တရားကို ဘယ်အချိန်ထိဆက်ပြီးဖုံး
ကွယ်ထားဦးမှာလဲ ဘုဏ်းသစ်''

ရှက်ယမ်းယမ်းပြီးပြောနေသော ဘုဏ်းသစ်ကို
မြတ်မေးလိုက်သည်။ထို့နောက် ဘုဏ်းသစ်ရဲ့အရှေ့
တွင် ရပ်လိုက်ကာ.....

"နင်ငါ့ကို ဒုက္ခပေးလာတာ ဆယ်နှစ်ကျော်ပြီ....ဒါပေ
မဲ့အခု အဲ့ဒါတွေကို ငါကိုယ်တိုင်အဆုံးသတ်တော့
မယ်''
"မလုပ်....မလုပ်ပါနဲ့ မြတ်ရယ်....ငါနင့်ကိုချစ်တယ်...
ငါ့ကို အဲ့လိုမျိူးမကြည့်ပါနဲ့ဟာ....''
" တော်စမ်း.....နင့်လုပ်ရပ်တွေကို နင်သိတယ်မလား
ဒီနေရာမှာ ငါ့ပါးစပ်ကနေ မိုက်မိုက်ရိုင်းရိုင်းစကား
လုံးတွေမထွက်ချင်ဘူး....အခုလူတွေအားလုံးသိကုန်
ပြီ နင်ဘာတတ်နိုင်သေးလဲ....ဘာတတ်နိုင်သေးလဲ''

သူမ သိေစ..... (Z+U)Место, где живут истории. Откройте их для себя