Part - 22 (Unicode)💔💔💔

5.8K 225 20
                                        


[Unicode]
အဝေးမှ လှမ်းအော်ပြောလိုက်သော အသံကြောင့်
လန့်သွားကာ လူတွေအထွန်းကိုကြည့်ပြီး
ကဲ့ရဲ့ရှုတ်ချသံများကို ကြားနေရပြန်သည်။ထို့
နောက် ထိုအသံပိုင်ရှင်မှာ အထွန်းနားသို့
တဖြည်းဖြည်းရောက်လာသောအခါ
ထိုလူမှာ အထွန်းသိပ်ကိုတွေ့ချင်လှသော
ဘုဏ်းသစ်ပင်။

"Long Time No see.....ဘယ်တွေကို လှိမ့်နေလို့
ပျောက်ချက်သားကောင်းနေရတာလဲ''
"သိတဲ့အတိုင်း....အချစ်နဲ့ ငပလီကို ဟန်းနီးမွန်းထွက်
နေရလို့ပေါ့......မဆိုးဘူး တင်ထားတဲ့ပုံလေးတွေကို
အရမ်းကြိုက်တယ်သိလား''
" ငါက ပျော်စေချင်လို့ သက်သက်နောက်လိုက်တာပါ
ဘယ်လိုလဲ ပျော်ဖို့ကောင်းတယ်မလား''
"အင်း.....တော်တော်တော့မိုက်တယ်...ဒါပေမဲ့ ထင်
ထားတာထက်သိပ်ဖြစ်မလာဘူး.....ဘာဖြစ်လို့
မမမြတ်နဲ့ငါနဲ့ကို ချစ်သူရည်းစားပါလို့ဒဲ့မပြောတာလဲ
တစ်ခါထဲ တစ်ကွက်ထဲနဲ့ပြီးအောင်လုပ်လိုက်ရမှာ
ပေါ့.....ဘာလဲ....ငါ့ကိုကြောက်လို့လား''

ဘုဏ်းသစ်ရဲ့ နားအနားသို့ကပ်ကာ တိုးတိုးလေး
ပြောလိုက်သည်။ဘုဏ်းသစ်မှာ စိတ်တိုသွားပြီး
အထွန်းကိုကြည့်ကာ......

"နင့်လိုဘာမဟုတ်တဲ့ ပိုက်ဆံချူစားနေတဲ့ကောင်မ
ကိုငာကကြောက်စရာလား.....ဟားဟား....ရယ်ချင်
လိုက်တာကွာ.....''
"ဟဲ့....အဲ့ကောင်မလေးကိုငါတကယ်ထင်မထားဘူး''
"ရုပ်ကလေးက သနားကမားနဲ့ ဥက္ကဌအပေါ်လုပ်
ရက်လိုက်တာ''
"ငါတော့ ငါတို့ဥက္ကဌအစား ရင်လေးမိတယ်''
"ဒီကောင်မလေးက ယောကျာ်းလေးမကြိုက်ပဲ ဥက္ကဌမှ ရွေးကြိုက်ရတယ်လို့ဗျာ......မရှက်ဘူးလားမသိဘူး''
"ဥက္ကဌတော့ အရှက်ကွဲပြီးရင်းကွဲနေပြီပဲ''
"သူ့ကြောင့်နဲ့ ငါတို့ကုမ္ပဏီတော့ ဟိုးလေးတကျော်
ကျော်ဖြစ်နေပြီပဲဟေ့''

သြော်.....လူတွေ လူတွေ....သူတို့ရဲ့ လူသားချင်းမစာ
နာတဲ့စိတ်ကြောင့် တစ်ဖက်စွန်းရောက်နေတဲ့အတွေး
တွေနဲ့တွေးပြီး အထွန်းကိုမှရက်ရက်စက်စက်ပြော
လိုက်ကြတာ နားထဲမှာတောင် မယုံနိုင်ဖြစ်ရသည်။
အထွန်းကိုကြည့်နေကြတဲ့ သူတို့ရဲ့မျက်လုံးတွေဟာ
ရွံ ရှာ မုန်းတီးသည့်အကြည့်များ...သနားသည့်
အကြည့်များဖြင့် ကြည့်နေကြသည်။အဲ့ဒီ့အကြည့်တွေ
ရဲ့ဒဏ်ကို မခံနိုင်ပေမဲ့လဲ ချစ်တဲ့စိတ်တစ်ခုထဲအတွက်
ကြောင့် အခက်အခဲပေါင်းစုံကျော်လွှားပြီးရင်ဆိုင်
လာခဲ့တာ အခု အထွန်းစောင့်နေတဲ့ ဒီအခြေအနေကို
ကိုယ်တိုင်ရောက်ရှိလာပြီပဲ.....အားလုံးရဲ့အရှေ့မှာ
ဒူးထောက်အရှုံးပေးလို့မဖြစ် အထွန်းတို့နှစ်ယောက်
ရဲ့အချစ်ခရီးလမ်းလေးကို ပျော်ပျော်ရွှင်ရွှင်လေး
ဖြင့် လျှောက်လှမ်းချင်ပြီ။

သူမ သိေစ..... (Z+U)Where stories live. Discover now