Part - 11 (Unicode)

6.1K 319 4
                                        


[Unicode]
လေယာဉ်ပေါ်တွင် ရုတ်တရက် အေးစိမ့်စိမ့်ဖြစ်လာ
သောကြောင့် အနွေးထည်တစ်ထည် ထပ်ဝတ်လိုက်
သည်။သို့သော် အချမ်းမပြေ။အထွန်းရဲ့လက်များမှာ
အေးစက်နေသည်။လက်များကို နောက်ကျောတွင်
ထား၍နေသော်လည်း မရ။အထွန်း လှုပ်လှုပ်ရွရွ ဖြစ်
နေသည်ကို ဘေးတွင်စာအုပ်ဖတ်နေသော သူမမှာ သတိထားမိသွားသည်။

"အထွန်း... အထွန်း ဘာဖြစ်လို့လဲ''
"ဟမ်... ချမ်း...ချမ်းလို့''
"အရမ်းကြီးလဲ မအေးပါဘူး ပြစမ်း''

အထွန်းရဲ့ နဖူးနှင့်လက်ကို သူမကိုင်သောအခါ မျက်
လုံးပြူး၍ အထွန်းကိုကြည့်လေသည်။

"လက်တွေအေးပြီး ကိုယ်နည်းနည်းပူနေပါလား။
အထွန်း ဖျားချင်နေတယ်ထင်တယ်။နေဦး...မမမြတ်
ဆေးတောင်းလိုက်ဦးမယ်''
"ရတယ် မမမြတ်ရဲ့ အထွန်းသက်သာတယ် အရမ်း
ကြီးလဲ မဟုတ်ဘူး အေးဆေး''
"အထွန်းကလေ မမမြတ်ဘာပြောပြော ရတယ်
ရတယ်နဲ့ ဖျားချင်နေတာကို ဆေးကြိုသောက်ထားမှ
သက်သာမှာပေါ့''
"ရပါတယ်ဆို......''
" ရော့ အဲ့ဒါဆို ဒါလေးပတ်ထား လည်ပင်းလည်း
အေးနေတယ်''
"မမမြတ်အေးနေမှာပေါ့''
"အထွန်းပြောသလိုပေါ့ ရတယ် အေးဆေး''

သူမလည်ပင်းတွင် ပတ်ထားသော မာဖလာလေးကို
အထွန်းရဲ့လည်ပင်းတွင် ပတ်ပေးကာ နွေးနွေးထွေး
ထွေးနေစေသည်။သို့သော် ဒူးခေါင်းများမှာ မနေ့က
အရှိန်ကြောင့် အေး၍ပင်ကိုက်ချင်နေသည်။

လေယာဉ်ပေါ်တွင် အိပ်ပျော်သွားကာ ရန်ကုန်လေ
ဆိပ်သို့ ဘယ်အချိန်လေယာဉ်ဆိုက်လိုက်သည်ပင်
မသိ။မမမြတ်နှိုးလိုက်သည့်အခါမှ လေယာဉ်ပေါ်မှ
ဆင်းကာ အထဲဝင်၍ အထုပ်များသယ်ကာ ထွက်လာရသည်။ထိုအချိန်တွင် အထွန်းအရှေ့မှ သူမဝင်သွား
သောဆိုင်ကို ကြည့်လိုက်သည့်အခါ ရေမွှေးဆိုင်ပင်
ဖြစ်နေသည်။အထွန်းမှာ လူကနုံးနေ၍ကြာကြာမတ်
တပ်မရပ်နိုင်သောကြောင့် ဆိုင်အတွင်းထဲရှိ လွတ်နေ
သောခုံတွင်ထိုင်ကာ ရေမွှေးစိတ်ကြိုက်ရွေးနေသော
သူမကိုစောင့်နေလိုက်သည်။ မိနစ်အနည်းငယ်ကြာ၍
အထွန်းရှေ့သို့ သူမရောက်လာကာ....

" ရော့ အထွန်းအတွက်''
"ဘာကြီးလဲ''
" ရေမွှေးလေ''

သူမကမ်းပေးသော အိတ်ထဲမှဘူးကိုဖွင့်ကြည့်သော
အခါ victoria Secrets ရေမွှေးတံဆိပ်ပင်။

သူမ သိေစ..... (Z+U)Where stories live. Discover now