Part - 18 (Unicode)

8.3K 228 9
                                        


[Unicode]
ကားဖြင့် နာရီပေါင်းများစွာကြာအောင် မောင်းနှင်
လာခဲ့ကြကာ နောက်ဆုံး ငပလီသို့ရောက်ရှိလာ
ခဲ့ကြသည်။ကားမောင်းနေစဉ်တောက်လျှောက်လုံး
အထွန်းဘေးနားတွင် တည်းမည့်Hotelကို သူမဖုန်း
တွင်ရှာနေကာ Amata Ngapali hotelကိုတွေ့
သွားသောကြောင့် ထိုဟိုတယ်ရှိရာသို့ မောင်းနှင်လာ
ခဲ့သည်။

ဟိုတယ်သို့ရောက်သောအခါ Reception သို့သူမ
သွား၍ အခန်းငှားနေစဉ် သူမကိုအထူးအဆန်းသ
ဖွယ် လူများလိုက်ကြည့်နေကြသည်ကို အထွန်းသတိ
ထားမိသည်။ထို့နောက် Receptionist မှနေရမည့်
အခန်းကိုလိုက်ပြ၍ အထုတ်အပိုးများချ၍ထွက်သွား
ကာ အထွန်းလဲ ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။
ထိုအခါ အထွန်းနဲ့အတူ သူမလဲ အိပ်ယာပေါ်တွင်လှဲ
ကာ.........

"ပင်ပန်းနေပြီလားအထွန်း''
"အင်း......ကားတောက်လျှောက်မောင်းလာတော့
နည်းနည်းလေးပင်ပန်းတယ်''
"အထွန်းက မမြတ်ကို ပေးမှမမောင်းခိုင်းတာ
ပြစမ်း ခေါင်းမူးနေပြီလား''

အထွန်းရဲ့ မျက်နှာကိုသူမကိုင်လိုက်သောကြောင့်
မျက်လုံးများဖွင့်ကာ သူမကိုကြည့်ရင်း......

"မမမြတ်ပင်ပန်းနေမှာစိုးလို့ မမောင်းခိုင်းတာ
ဘာခေါင်းမှမမူးဘူး အေးဆေး''
"အဲ့တာဆိုလဲ ပြီးရော....ဆေးတော့ကြိုသောက်
မမမြတ်တို့ရောက်တဲ့အချိန်ကလဲ ညနေစောင်းနေပြီ
မနက်ကျမှ စောစောထပြီး ပင်လယ်နားသွားကြတာ
ပေါ့ အခုတော့ ရေချိူးဦးမယ်''
"မချိူးနဲ့ဦး...... အထွန်းတို့ လမ်းထွက်လျှောက်ကြ
ရအောင်....''
"အခုလား''
"အင်းလေ....ရောက်တုန်းလေ မမမြတ်နဲ့အတူတူ
အချိန်ကိုအကျိူးရှိရှိအသုံးချရမယ်လေ ဟီးဟီး...''
"ဟုတ်ပြီ အဲ့တာဆိုလဲ သွားမယ် ကဲ...ထ''
"Ok''

လှိုင်းခတ်သံများ....ပင်လယ်ဘက်မှတိုက်ခတ်လာ
သောလေအေးလေးများနှင့်အတူ ခြေဗလာနှင့်
သဲသောင်ပြင်ပေါ်တွင် တစ်ယောက်လက်တစ်
ယောက်တွဲ၍ အေးအေးဆေးဆေးလမ်းလျှောက်လာ
ခဲ့ကြသည်။ရုတ်တရက်...အထွန်းလက်ကိုဖြုတ်၍
သဲသောင်ပြင်ပေါ်ရှိ ခရုခွံလေးများကို ကုန်းကောက်
ကာ........

"အထွန်း....ဒီမှာကြည့်စမ်း...ခရုခွံလေးတွေ အများ
ကြီးပဲ''
"မမမြတ်က ခရုခွံလေးတွေကိုကြိုက်တာလား''
"အင်း ဟုတ်တယ်''
"အဲ့ဒါများ မမမြတ်ရယ်.....ခရုခွံလေးတွေနဲ့လုပ်ထား
တဲ့လက်ကောက်လေးတွေရောင်းတဲ့ဆိုင်ဒီနားမှာ
ရှိသားပဲ....အဲ့မှာဝယ်လိုက်ပေါ့ အခုလိုကောက်နေစရာ
တောင်မလိုဘူး''
"ခက်တော့တာပဲ အထွန်းရယ်......''

သူမ သိေစ..... (Z+U)Where stories live. Discover now