Part - 9 (Unicode)

8.2K 284 6
                                        


[Unicode]
ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲနေသည်။ထိုနာကျင်မှု
သည် မြတ်ကိုယ်တိုင် လိုလိုလားလားလိုချင်တောင့်
တခဲ့သော အရာပင်ဖြစ်သည်။ဘေးနားရှိ ဖုန်းကိုယူကာ Camera ဖြင့် ကိုယ့်ကိုယ်ကို ကြည့်လိုက်သည့်
အခါ နှုတ်ခမ်းများမှာနီရဲ၍ လည်ပင်းတွင် အနီကွက်
လေးများ..... ဒါဟာ မြတ်ရဲ့ ချစ်ရသောသူ၏  အနမ်း
သင်္ကေတတစ်ခုပင်။ဖုန်းကိုချလိုက်၍ အထွန်းရဲ့
နှုတ်ခမ်းလေးကို လက်ဖြင့် မရဲတရဲ တို့
ထိကြည့်လိုက်ကာ ဟိုလှည့်ဒီလှည့်ဖြင့်  မြတ်ရဲ့
ရင်ခွင်ထဲသို့ ဝင်ရောက်တိုးဝင်လာသော သူ......
သူ့ရဲ့ နဖူးလေးကို နမ်းရှိုက်လိုက်ကာ.....

"အထွန်း...... ထတော့ မမမြတ်တို့ သွားရမယ်''
"ဒီတစ်ခါလဲ မတော်တဆပဲလား''

အထွန်းပြောလိုက်သော စကားကြောင့် အရင်ကပြော
ခဲ့ဖူးသော ကိုယ့်စကားကို ကိုယ်ပြန် ရှက်မိကာ သူ့
ရဲ့ ခါးလေးကို လက်ဖြင့် ကလိထိုးလိုက်သည်။

"အား.....ယားတယ်နော်....''
"မမမြတ်ကိုယ်တိုင်ကိုက လိုလားခဲ့ပါတယ်ဆို
မတော်တဆလို့ခေါ်မလား''
"အင်း....... အဲ့ဒါဆို ထပ်လုပ်ပေးမယ်လေ....ဟီးဟီး''

မျက်နှာစပ်ဖြဲဖြဲဖြင့် ပြောနေသော အထွန်းရဲ့နဖူးလေးကို လက်ဖြင့် တောက်လိုက်ကာ.....

"သွား.....တော်ပြီ ထတော့ မမမြတ်တို့ ဦးဇော်မင်းနဲ့
သွားတွေ့ရမယ်''
"ဟင်....အဲ့ဒီ့မြေပိုင်ရှင်က မြန်မာပြည်ကလား''
"ဟုတ်တယ် အထွန်း မြန်မာနိုင်ငံတော်တော်များများရဲ့ ကုမ္ပဏီမြေကွက်တွေဟာ သူ့မြေကွက်တွေပဲ...
မြေရောင်းမြေဝယ်ပေါ့။ နေတာက ဒီမှာနေတာ
မမမြတ်တို့ ကုမ္ပဏီရဲ့မြေကိုလည်း ဒယ်ဒီက သူ့ဆီက
ဝယ်ထားတာ...သူနဲ့မမမြတ်နဲ့က မိတ်ဆွေအရင်းကြီး
တွေပါ မြေကွက်စာချူပ်လဲချူပ်ပြီးပြီ လက်မှတ်ထိုး
ဖို့ပဲကျန်တော့တာ အဲ့တာကို ဘယ်လိုဖြစ်လို့ ဘုဏ်းသစ်ရဲ့ စနက်ထဲသူပါသွားလဲ မသိဘူး စိတ်ညစ်
တယ်''
"မမမြတ်ရယ် အရမ်းကြီးလဲမတွေးပါနဲ့။
အခု အထွန်းတို့သူ့ဆီ သွားကြမှာပဲ သေချာပြော
ကြည့်ရင်တော့ အဆင်ပြေမှာပါ''
"အင်းပါ....မမမြတ်ရေချိူးတော့မယ်နော် Breakfast စားပြီးတာနဲ့ သွားကြတာပေါ့''
"ဟုတ်ကဲ့ မမမြတ်''
---------------------------------------------------------
ဦးဇော်မင်းရှိရာအိမ်သို့ အထွန်းတို့ရောက်လာခဲ့ကြ
သည်။ခြံကြီးမှာ ကျယ်ဝန်းလှ၍ အစောင့်များမှာလဲ
နေရာတိုင်းပင်။ထိုခြံထဲသို့ အထွန်းတို့ကားဝင်လာ
၍ မြက်ခင်းပြင်သို့လှည့်ကြည့်လိုက်သည့်အခါ
ကလေးလေးတစ်ယောက် အရုပ်များဖြင့် ကစားနေ
သည်ကိုတွေ့လိုက်ရသည်။ကားရပ်၍ မမမြတ်ဆင်း
ဆင်းသွားသည့်အခါ အထွန်းလဲကားပေါ်မှ ဆင်း
လိုက်သည်။ကုလားထိုင်တွင် သတင်းစာဖတ်
နေသော ဦးလေးကြီးမှာ မမမြတ်ရှေ့သို့ လျှောက်
လာရင်း မျက်နှာချင်းဆိုင်ရပ်လိုက်ကာ.....

သူမ သိေစ..... (Z+U)Место, где живут истории. Откройте их для себя