Part - 7 (Unicode)

8.6K 405 4
                                        


[Unicode]

မှောင်မဲနေသော တောအုပ်ထဲတွင် ခြောက်ခြားစရာ
ကောင်းသောအသံများနှင့်အတူ ငှက်များမှာလဲ
ညကြီးအချိန်မတော် အော်ကာပျံသန်းနေသည်။ဘေးတွင်လည်း အုတ်ဂူများကိုတွေ့ရသည်။နားထဲတွင် စူးစူးနစ်နစ် ငိုသံတစ်ခုကြားနေသည်။ထိုအသံရှိရာသို့ တစ်ယောက်ထဲရုန်းရင်းဆန်ခတ် ပြေးရှာနေမိ
သည်။ပြေးရင်းပြေးရင်း ရုတ်တရက် ......
လူတစ်ယောက်လက်ထဲတွင် တစ်ခုခုပိုက်ကာ ရပ်နေသည်ကိုတွေ့ရသည်။ထိုလူ၏မျက်နှာမှာ အဝတ်ဖြင့်
ဖုံးထားသောကြောင့် မမြင်ရပေ။ဘေးတွင်
အလောင်းစင်တစ်ခုကို တွေ့လိုက်သည်။မြတ်ထိုလူနဲ့
မနီးမဝေးတွင် ရပ်လိုက်ကာ ဘယ်သူလဲလို့မေး
လိုက်မိသည်။ထို့နောက် အနောက်သို့လှည့်လာကာ မျက်နှာတွင်ဖုံးထားသော အဝတ်စကို ချွတ်လိုက်လေသည်။

ဘုဏ်းသစ်....ဘုဏ်းသစ်ပါလား...။သူ့လက်ထဲတွင်
ထွေးပိုက်၍အုပ်ထားသော အဖြူရောင်အစလေးကို
ဆွဲဖယ်လိုက်သည်။မြတ်အရမ်းချစ်ရတဲ့သားလေးပါ
လား...။ဘယ်လိုဖြစ်လို့ သားလေးကသူ့လက်ထဲ
ရောက်နေရတာလဲ....။ ''ပြန်ပေးစမ်း..ငါ့သားကိုပြန်
ပေး...။'' သားလေးရဲ့ဗိုက်သို့ သေနတ်ဖြင့်
ချိန်ရွယ်ထားကာ မြတ်ကိုကြည့်၍ရယ်မောနေသည်။သူ့ရဲ့ ရယ်မောသံများဟာ တောအုပ်ထဲရှိငှက်သံများကို ဖုံးလွှမ်းသွားသလိုပင်။အဆက်မပြတ်အော်ငို
နေသော သားလေးကို သူ့လက်ထဲမှဆွဲယူရန် မြတ်
ကြိုးစားသော်လည်း မြတ်ရဲ့ ခြေထောက်တွေကို
နွယ်ပင်တွေရစ်ပတ်ထားသောကြောင့်သွား၍မရပေ။ရုန်းသည်....ထပ်၍ရုန်းသည်......မရပေ...။အနားသို့
့ရောက်လာ၍သေနတ်ဖြင့် မြတ်ရဲ့မေးစေ့နားကိုတေ့ကာ....

"နင့်ကိုရော...ငါ့လက်ထဲက မကောင်းဆိုးဝါးကိုပါ
ငါသတ်မှာ.....''

မသတ်နဲ့မသတ်ပါနဲ့ အပြစ်မရှိတဲ့ငါ့ကလေးကို
မသတ်လိုက်ပါနဲ့။ထိုစဉ်......သေနတ်သံတစ်ခု ဟိန်း
ခနဲထွက်ပေါ်လာသည်။တစ်စက္ကန့်....နှစ်စက္ကန့်...
သုံးစက္ကန့်...။မြေပြင်ပေါ်သို့ နီရဲသောသွေးစက်များ စီးကျလာသည်။အရာအားလုံး တိတ်ဆိတ်သွား
သည်။ကောင်းကင်ပေါ်တွင် အော်ကာပျံဝဲနေသော
ငှက်များကိုလဲ မတွေ့တော့။တဖြည်းဖြည်းဖြင့် တော
အုပ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းလာသည်။
ထို့နောက် မြေပြင်ပေါ်သို့ကျလာသော သားလေး....

သူမ သိေစ..... (Z+U)Onde histórias criam vida. Descubra agora